5.5

1.4K 186 33
                                    

Unicode

" ကျွန်တော် ကိုကို့ ကို ချစ်တယ် "

ညဥ့်နက်အချိန် တိတ်ဆိတ်နေတဲ့
လမ်းကြားလေးထဲ ပဲ့တင်ထပ်သွားတဲ့
၀န်ခံပြုမှုကို ကိုကို ဘယ်လိုတုံ့ပြန်မှာလဲ ?

" ခွိ ! "

သူ့ဘယ်ဘက် ရင်ဘတ်ပေါ် တင်ထားပေးခဲ့တဲ့
ကိုကို့လက်ဟာ သူ့နှလုံးသားခုန်သံကို နားထောင်
ပေးရမဲ့အစား တဘုန်းဘုန်းပဲ ထုရိုက်လာတယ် ။

" ဟားးဟားး မင်း ! ဒီလို ပုံနဲ့ ဖွင့်ပြောမလို့လား "

"......."

" သေချာပေါက် ငြင်းခံရမှာပဲ ခွီးးး "

"......."

" အဟား ဟမ်း ! ကိုကို နားလည်ပါတယ် မင်းက
အတွေ့အကြုံမရှိဖူးတော့ ဒီလိုပဲ ဖြစ်နိုင်ပါတယ်
ဒါပေမဲ့လည်းကွာ ရုပ်တည်ကြီးနဲ့ ချစ်တယ် ထ
ပြောတာကတော့ တကယ် ရယ်ရတယ်သိလား "

ဘာက ရယ်ရတာ ?

" ဒါကို လေ့ကျင့်တယ်ပဲထားဦး မင်းဟာကလည်း
ရည်းစားစကားတော့ သေချာလေး ပြောမှာပေါ့
ပန်းစည်းတွေ ချောကလက်တွေမပါရင်တောင် စားသောက်ဆိုင် ကောင်းကောင်းတစ်ခုမှာ
ဘိုကင်လုပ်ပြီး ရိုမန့်တစ်ဆန်ဆန်လေး
ဖွင့်ပြောလေ အခုဟာက ဘာလဲ ? ! "

ကိုကိုလက်ညိုးထိုးပြလာတဲ့နေရာကို
လှမ်းကြည့်လိုက်တော့ ပုပ်စော်နံနေတဲ့
အမှိုက်တွေ စုဝေးနေတာကို တွေ့တယ် ။

" အမှိုက်ပုံနားကြီးမှာ ! မင်းနော် ဒီနေရာမှာ
ငါမို့လို့ ကံကောင်းသွားတယ်မှတ် ငါ့နေရာမှာ
မင်းကြိုက်နေတဲ့ ကောင်လေးသာဖြစ်ခဲ့ရင် ?
မျက်ခွက်ကို ဆွဲမထိုးသွားတာပဲ ကံကောင်း "

လက်ညိုးလေး ထိုးပြီး ခေါင်းလေးတရမ်းရမ်းနဲ့
ရယ်ကျဲကျဲလုပ်ကာ လမ်းလျှောက် ထွက်သွားတဲ့
ကိုကိုဟာ အရှေ့ကိုရောက်သွားပေမဲ့ သူကတော့
ထိုနေရာမှာတင် ကြက်သေသေကျန်နေခဲ့တယ် ။

ဖြစ်ပျက်သွားတဲ့ အခြေအနေတွေကို
သူ့ဦးနှောက်က ရုတ်တရက် လိုက်လို့
မမှီဘူးဖြစ်နေတယ် ။ ဒါက ဘာလဲ ?

ကိုကိုက သူ ၀န်ခံတာကို သူ့(ကိုကို)ကို
၀န်ခံတယ်လို့ မထင်ဘဲ အစမ်းသဘော
လေ့ကျင့်တယ်လို့ ထင်နေတာလား ? !

OK ! Alright ! As You Like ! ( Completed )Where stories live. Discover now