10

1.3K 160 35
                                    

Unicode

" မင်းကြည့်ရတာလည်းကွာ တစ်နေ့တစ်နေ့
အလုပ်နဲ့ အိမ် ! အိမ်နဲ့ အလုပ် ! အိမ်နဲ့အလုပ် !
အလုပ်နဲ့ အိမ် ! ဒါချည်းပဲ အထီးမကျန်ဘူးလား "

မကျန်ပါဘူးလို့ ပြန်မဖြေနိုင်ဘူး ။ သူ တကယ်
အထီးကျန်နေတာဖြစ်တယ် ။ အထူးသဖြင့်
အလုပ်ဆင်းချိန်တိုင်း အတူတူပြန်နေကျ
ရိပေါ်လေးက မရှိတဲ့အခါ ပိုဆိုးတယ် ။

ဒီရက်ပိုင်း သူ့ရဲ့ နေ့ရက်တွေဟာ
အရမ်းကိုမှ ခြောက်သွေ့နေတယ် ။

" အသက်လည်း ငယ်တော့တာ မဟုတ်ဘူးကို
ရှောင်ကျန့်ရာ အဖော်လေး ဘာလေး ရှာပါ့လား "

စာတွေပိနေတာများလား ?

" ဟျောင့် ရှောင်ကျန့် ! ငါပြောနေတာကြားလား "

" ဟင် "

" ဘာဖြစ်နေတာတုန်း သေခါနီး ဘဲနာကြီးကျလို့ "

" ရိယန် "

" ဘာတုန်း ! "

" တိတ်တိတ်လေးနေပေးပါလား "

ရိပေါ်လေးလိုလည်း ချစ်ဖို့မကောင်းဘဲ
နား အရမ်း ငြီးတာပဲ ။ ညီအစ်ကိုတွေဆိုတာ
ပြောလို့သာယုံရတယ် ။ ဘယ်နေရာမှ မတူဘူး ။

" ချီးကို တိတ်တိတ်နေ ! မင်းပျင်းတယ်ဆိုလို့
အဖော်လာလုပ်ပေးတာကို $ ကျေးဇူးကန်းနေ ! "

အရမ်း ရိုင်းတာပဲ ။ ရိပေါ်လေးလိုလည်း
မလိမ္မာဘဲ ဒီရိယန်က ပိတ်ကန်ပစ်ချင်စရာ
ကောင်းတယ် ။ ပြန်ပြောလို့လဲ မနိုင်နိုင်တာမို့
ကိုယ့်နားကိုယ်ပဲ လက်ညိုးများနဲ့ ပိတ်ထားရင်း
စိတ်ပျက်လက်ပျက်သာ ထိုင်နေရတော့တယ် ။

" တော်ပြီ မင်း​ကို ပြောရတာ မောတယ် "

" ဒါဆိုလဲ မပြောနဲ့လေ "

" မင်း ! ရည်းစားမရတာလည်း မပြောနဲ့ ! "

" ဘာဆိုင်လဲ "

" ဆိုင်ဆိုင်မဆိုင်ဆိုင် ငါ့ညီတောင်
မင်းထက်စာရင် အများကြီးစွံတယ် ! "

ရှောင်ကျန့်နားရွက်လေး ထောင်တက်သွား၏ ။

" ရိပေါ်က...ဘာဖြစ်လို့လဲ ? "

" ဆေးကျောင်းမှာလေ အခု သူ့ကို ကြိုက်နေတဲ့
လူတွေမှ အများကြီးပဲ မင်းလို မဟုတ်ဘူး ! ! ! "

OK ! Alright ! As You Like ! ( Completed )Dove le storie prendono vita. Scoprilo ora