8.8

1.2K 152 35
                                    

Unicode

" ကျွန်တော် အဆောင်၀င်ရတော့မယ် "

ရုံးဆင်းဆင်းချင်း မထင်မှတ်စွာ ကြားရတဲ့
စကားတစ်ခွန်းနဲ့အတူ အလုပ်ထွက်မယ့်ဆီ
အဖော်လိုက်လာပေးခဲ့ရတဲ့ ရှောင်ကျန့်ပါပဲ ။

" မင်း မရှိတော့ရင် ငါ့ ဆိုင်တော့
ဖောက်သည်တွေ နည်းကုန်ပါပြီကွာ "

" မဟုတ်တာ ကျွန်တော်မရှိလည်း
ချန်ကောဆိုင်က ရောင်းရဦးမှာပါပဲ
ဒီလောက်ချောတဲ့ ဆိုင်ရှင်ရှိတာပဲကို "

" အို့ဟိုးဟိုး လေပေါ်တောင် မြောက်ချင်သွားပြီ "

တဟားဟားနဲ့ ရယ်နေကြတဲ့ နှစ်ယောက်ကို
ရှောင်ကျန့် မျက်စိဆံပင်မွေးစူးနေပြီဖြစ်တယ် ။

ဘာတွေ ဒီလောက်တောင် ရယ်ရလို့လဲ ? !

" စာတွေ ကောင်းကောင်းကြိုးစားနော် ရိပေါ်
ပြီးရင် ဆရာ၀န်ကြီးဖြစ်အောင်လုပ် ကျားယို့ ! "

" ကျားယို့ ! "

လက်သီးလက်မောင်းတွေ တန်းရလောက်အောင်
သိပ်ကို အတိုင်အဖောက်ညီနေလိုက်ကြတာများ !
အရင်က သူ အထင်မှားခဲ့ဖူးတာလဲ မပြောနဲ့လေ ။
ဟုတ်တယ် ! သူ အရင်က အထင်မှားခဲ့ဖူးတယ် ။

ရိပေါ်လေးရဲ့ လိင်စိတ်တိမ်းညွှတ်မှုက
ယောက်ျားလေးတစ်ယောက်အပေါ်မှာမှန်း
သူ သိလိုက်ရတဲ့အချိန် အဲ့ဒီ့တစ်ယောက်ဟာ
ဘယ်သူဖြစ်လိမ့်မလဲ ? သူ အကြိမ်ပေါင်းများစွာ
ခန့်မှန်းကြည့်ဖူးတယ် ။ မရေမတွက်နိုင်အောင်ပဲ !

နောက်ဆုံးမှာ စဥ်းစားမရတဲ့အဆုံး
ရိပေါ်လို သူဌေးသားက ကော်ဖီဆိုင်
သေးသေးလေးမှာ ၀င်ပြီး အချိန်ပိုင်း
လုပ်ခြင်းအပေါ် သံသယဖြစ်မိတယ် ။

သူ့အနေနဲ့ ရိပေါ်က သူ့ကိုကြိုက်လို့ သူ့ရုံးနဲ့နီးတဲ့
ကော်ဖီဆိုင်မှာ အလုပ်၀င်လုပ်တာလို့မှ မသိဘဲ !
သေချာပေါက် အဲ့ချန်ကောဆိုတဲ့ တစ်ယောက်ကို
ကြိုက်လို့ အချိန်ပိုင်း၀င်လုပ်တယ်ပဲ ထင်ခဲ့တာ ။

ဒါကြောင့် သူ့မှာ အမျိုးစုံ အကဲခတ်ကြည့်ပြီး
လူကောင်းတစ်ယောက်လို့ ထင်မိတာကြောင့်...။

" ကျွန်တော့်ညီလေးကို စောင့်ရှောက်ပေးပါဦး
သေချာအပ်ပါတယ် "လို့တောင် ပြောခဲ့မိသေး !

OK ! Alright ! As You Like ! ( Completed )Where stories live. Discover now