သဲသဲမဲမဲရွာနေသောမိုးတွေနှင့်အတူကင်မ်ဂျွန်ဂယူတယောက်အခန်းအပြင်ဘက်သို့ငေးငိုင်ကာအတွေးနယ်ချဲ့နေမိသည်
မျက်ခုံးလေးတွေကျုံ့ကာနှုတ်ခမ်းဆူနေသည့်ထိုကောင်လေးမှာချစ်စရာအတိပင် မျက်ခုံးကျုံ့ထားသဖြင့် တခုခုကိုစိတ်အလိုမကျဖြစ်နေသည်ကိုလဲအတပ်သိနိုင်သည်
သက်ပြင်းချသံနှင့်အတူဆံပင်တွေကိုဆွဲဖွာလိုက်ကာထိုင်နေရာမှထပြီးဖုန်းရှိရာစားပွဲဆီသို့သာခြေလှမ်းတွေကိုဦးတည်ခဲ့တော့သည်
'ဘာလို့စိတ်ဆိုးနေမှန်းသိတာတောင်လူကိုမချော့နိုင်ရတာလဲ'
ဂျွန်ဂယူတယောက်တွေးရင်းနှင့်ပင်နှုတ်ခမ်းစူမိပါသေးသည် ထို့နောက်လူကိုမချော့ဘဲ2ရက်တောင်ပစ်ထားသောလူအားဖုန်းခေါ်လိုက်တော့သည်
တဖက်လူကဖုန်းမကိုင်သည်မို့ဂျွန်ဂယူစိတ်မရှည်တော့ဘဲနဂိုဆူနေတဲ့နှုတ်ခမ်းလေးမှာပို၍ပင်ဆူလာတော့သည် မကိုင်သည့်ဖုန်းကိုလဲဆက်ပြီးမခေါ်တော့ဘဲပြန်ချလိုက်သည် ထို့နောက်တွင်
အဖိုးကြီးတယောက်သဖွယ်ပါးစပ်မှလဲပွစိပွစိရွတ်နေသေးသည်"မကိုင်လဲနေပေါ့ ပြီးမှပြန်လာချော့လို့ကတော့အကြာကြီးကိုစိတ်ကောက်ပြစ်အုံးမှာ လူကိုများဘာမှတ်နေသလဲ မသိဘူး"
ပြောသာပြောနေပေမဲ့ဟိုကမချော့ဘဲ2ရက်လေးပြစ်ထားတာကိုပင်သူ့မှာ မနည်းတင်းခံနေရတာဖြစ်နိုင်ရင် အပြေးလေးသွားပြီတွေ့ချင်မိတာ
မလွမ်းဘူးလားဆိုတော့လွမ်းတာပေါ့ အများအများကြီးကိုလွမ်းတာပေါ့ ဟိုကလေးကဖြင့်လူကိုသတိတောင်ရသေးရဲ့လားဘဲမသိတာထိုအချိန်တွင်ရုတ်တရက်မြည်လာသောဖုန်း ကင်မ်ဂျွန်ဂယူတယောက်ဝမ်းသာအားရနှင့်ဖုန်းကိုကောက်ကိုင်လိုက်သည် ခနကစိတ်ကောက်မည်ဟူသောကောင်လေးမှာလဲ အခုတော့ဖြင့်သူမဟုတ်သည့်အတိုင်းပင်
"ဟယ်လို"
"...."
"စိတ်ဆိုးနေတာလား မောင့်အချစ်"
'မောင့်အချစ်'ဟူသောအသံလေးကိုကြားသည်နှင့်ပင်စိတ်ကောက်မည်ဟုတင်းခံထားသမျှအားလုံးကြက်ပျောက်ငှက်ပျောက် ဟာရူတိုတို့များ စကားတတ်ချင်တိုင်းကိုတတ်နေတော့တာဘဲ