"မောင်ပြန်ရောက်ပြီမောင့်အချစ်"
ဟာရူတိုအသံကြားတော့ဆိုဖာပေါ်မှာထိုင်ပြီးတီဗီကြည့်နေတဲ့ဂျွန်ဂယူကခေါင်းလေးတချက်လှည့်လာပြီးတီဗီကိုဘဲပြန်အာရုံစိုက်သွားသည်
ဟာရူတိုခပ်မြန်မြန်ပင်ဆိုဖာရှိရာသို့သွားကာဂျွန်ဂယူဘေးတွင်ဝင်ထိုင်လိုက်သည် ဒါပေမဲ့လဲဂျွန်ဂယူကဟာရူတိုတချက်တောင်မကြည့်
" စိတ်ဆိုးနေတာလား အချစ် "
"..."
" မောင့်ကိုကြည့်ပါအုံး ဒီဘက်ကိုလှည့်ပါအုံး "
" မောင်ကစိတ်ပူလို့ပါ ဒီလိုနဲ့အဖျားကြီးသွားရင်ဘယ်လိုလုပ်မှာလဲ အချစ်သာနေမကောင်းဖြစ်ရင်မောင်စိတ်မကောင်းဖြစ်ရလိမ့်မယ် မောင့်ကိုစိတ်မဆိုးပါနဲ့အချစ်ရယ် "
" ရူတိုစိတ်ပူတာကိုငါသိပါတယ် ဒါပေမဲ့..."
" ဆက်ပြောလေ မောင့်အချစ် "
"ငါလဲအာအိရိကိုလေဆိပ်ကိုသွားပို့ချင်တာပေါ့ ခနလေးဘဲကြာမှာကို ရူတိုကငါ့ကိုမပေးလိုက်ဘူး ပြီးတော့ငါကဖျားနေတာလဲမဟုတ်ဘဲ ကိုယ်လေးနွေးနေရုံဘဲကို "
ပြောသာပြောနေပေမဲ့ဟာရူတိုဘက်ကိုလှည့်မလာ စိတ်ဆိုးနေရသည့်အကြောင်းမှာလည်းအာအိရိကိုလေဆိပ်လိုက်ပို့တာကိုယ်နွေးနေသည့်အကြောင်းပြချက်ဖြင့်ဟာရူတိုကသူ့အားမခေါ်သွား၍ဖြစ်သည်
ဂျွန်ဂယူ၏ပုံစံမှာသူအနိုင်ကျင့်ခံရတာကိုလူကြီးတွေဆီပြန်တိုင်သည့်ကလေးလေးလိုမျိုးနှုတ်ခမ်းလေးတဆူဆူနှင့်ဟာရူတိုကိုမကျေနပ်သည့်ပုံဖြင့်ပြန်ပြောလာသည်
'အသည်းယားလိုက်တာကွာ'
"ဒါပေမဲ့မောင်ကစိတ်ပူတယ်လေအချစ်ရာ အပြင်ကလေစိမ်းတွေထိပြီးမောင့်အချစ်လေးဖျားသွားရင်ရော ဘယ်လိုလုပ်မှာလဲ "
"မဖျားအောင်နေမှာပေါ့!! မဖျားပါဘူး!! "
တီဗီကိုပြန်ကြည့်သွားပြီးနှုတ်ခမ်းလေးကလဲဘဲလေးအလားပို၍ပင်ဆူလာသည်ဟာရူတိုမှာကြည့်ရင်းနှင့်ပင်အသည်းယားလာသည်မို့မထိန်းနိုင်တော့ဘဲနှုတ်ခမ်းလေးကိုဖြတ်ကနဲတချက်လှမ်းနမ်းလိုက်လျှင်မျက်စောင်းသေးသေးလေးကရောက်လာသည်