Mg'love me more than my daughter

2.5K 188 122
                                    

မောင်ကသမီးလေးထက်ငါ့ကိုပိုချစ်နေတယ်။

အရေးပေါ်ခန်းရှေ့ကစိတ်လှုပ်ရှားနေတဲ့လူနှစ်ဦး။သေချာပေါက်ငါ့အဖွားနဲ့geminiဆိုတဲ့ငါပဲပေါ့။၉လကြာပြီးတဲ့တစ်ခဏမှာငါ့ဟာလေးကသမီးလေးကိုဖွားမြင်ပြီလေ။

အဖွားဖြစ်သူကပုတီးစိတ်ရင်းခွဲစိတ်မှုအဆင်ပြေဖို့ဆုတောင်းနေလျက်။ငါကလည်းဂနာမငြိမ်စွာဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်လုပ်နေမိသည်။

ငါ့ဟာလေးဟာညဘက်ကြီးရေမွှာပေါက်လာတာကြောင့်နီးစပ်ရာဆေးရုံတစ်ခုစီငါတို့အမြန်ပြေးရသည်။မအိပ်သေး‌တဲ့အဖွားကလည်းသူပါလိုက်မည်ဟူ၍ခေါ်လာရခြင်း။

၁နာရီကျော်လောက်စောင့်ပြီးတဲ့အခါမှာ'အူဝဲ'ဆိုသည့်အသံနှင့်အတူည၁၂နာရီ‌ဟာတစ်တောင်တောင်မှီလာလျက်။ငါအမြန်ပင်ပွင့်ဟလာသည့်ခွဲခန်းထဲသို့ပြေး၀င်မိသည်။

ငါ့ဟာလေးဟာမေ့ဆေးအရှိန်ကြောင့်ကုတင်ပေါ်မှာဖြူဖျော့စွာလဲလှောင်းနေလျက်။အများကြီးပင်ပန်းသွားပြီပဲ။ဆရာ၀န်လက်ထဲကသေးသေးကွေးကွေးလေးကိုမြင်သည့်အခါငါ့မှာမြင်ရဖို့ပင်မစောင့်နိုင်တော့ပေ။

မြေးမလေးချီရတော့မည်ဟူ၍အဖွားဟာ၀မ်းသာလွန်းလို့မျက်ရည်တွေပင်ကျလေသည်။သူမကငါ့ကလေးလေးကိုအများကြီးချစ်ပေးမှာအသေချာပင်။

'Titicharoenrak'မိသားစုရဲ့နောက်ဆုံးအမွေဆက်ခံသူငါဟာမျိုးဆက်လေးမမွေးဖွားနိုင်မှာအဖွားကသိပ်ကြောက်လေသည်။

မိန်းကလေးမျိုးရိုးကနေဆင်းသက်လာတာမလို့ငါတို့မိသားစုထဲမှာငါအပါအ၀င်အမွေခံယောင်္ကျားလေး၃ယောက်သာရှိသည်။

Build jakapan။ယောင်္ကျားလေးခြင်းနှစ်သက်တဲ့မိသားစုရဲ့အကြီးဆုံးအကိုကြီး။သူ့အမျိုးသားကိုအိမ်ခေါ်လာတာလက်မခံလို့တစ်ခါထဲအမျိုးပါပြောင်းသွားတဲ့ကျေးဇူးရှင်လေးပေါ့။

Phuwintang။ငါ့ရဲ့အမွှာဆိုလည်းမမှား‌ပေ။ပညာတော်သင်အဖြစ်အမေရိကန်ကိုထွက်သွားခဲ့ပြီးအမွေမလိုချင်ကြောင်းပါတစ်ခါထဲစာချန်ခဲ့လေသည်။

Gemini Norawit။နောက်ဆုံးပိတ်ဘိုးဘွားအမွေတွေကိုထိန်းသိမ်းဖို့ငါပဲကျန်ခဲ့လေသည်။အကြီးဆုံးအကိုကြီးလိုအမျိုးလည်းမပြောင်းသလိုအကိုလတ်လိုလည်းအပြီးမထွက်သွားလို့အဖွားရဲ့သဲသဲလှုပ်လေးဖြစ်နေရခြင်း။

My baby father (geminifourth ff✅)Where stories live. Discover now