Sunshine protector

1.9K 168 123
                                    

မောင်ကငါ့ရဲ့စူပါဟီးရိုးလိုမျိုးပဲ။

"မြန်မြန်လာလေ!မင်းကလိပ်ကြီးကျနေတာပဲ"

သမီးလေးကိုမြူနေတုန်းနောက်ကwinnyရဲ့အသံကိုကြားသဖြင့်ငါခပ်ဖွဖွလေးရီမိသည်။ဒီနေ့ရာသီဥတုသာယာပြီးငါ့ရဲ့မွေးရပ်မြေကိုလာခြင်းသာ။

အစကမောင်လိုက်ပို့မယ်လို့ပြောပေမယ့်အရေးကြီးတဲ့ရှယ်ယာရှင်အစည်းဝေးကြောင့်winnyတို့အတွဲနှင့်လာခဲ့ရခြင်းသာ။

ကားမမောင်းတတ်သည့်ငါနှင့်မမောင်းချင်သည့်winnyကိုဒေါက်တာကလိုက်ပို့ရခြင်း။ဘန်ကောက်ကနေပတ္တရားသွားတာမလို့လမ်းမှာခဏခဏမူးသည့်ငါ့အတွက်နားနားပြီးမှသွားသဖြင့်ရောက်တဲ့အချိန်နောက်ကျလေသည်။

အမှန်ဆိုမောင်ကလေယာဉ်လက်မှတ်ဖြတ်ပေးဖို့လုပ်ပေးပေမဲ့ငါငြင်းလိုက်ခြင်းသာ။မလိုက်ခဲ့ရလို့၀မ်းနည်းနေတဲ့မောင်ဟာအလုပ်တွေနေ့တစ်၀က်နဲ့ဖြတ်ပြီးလာခဲ့မည်ဟုပြော၏။

ငါခေါင်းသာငြိမ့်ပြခဲ့၏။ထိုင်းနိုင်ငံ၏မြို့ပြတစ်ခုဖြစ်တဲ့
ပတ္တရားမြို့ဟာငါ့မွေးရပ်မြေဖြစ်ပြီးအမှတ်တရတွေသိပ်မရှိခဲ့တဲ့နေရာလည်းဖြစ်သည်။

လက်ထပ်သွားပြီဆိုတဲ့သတင်းကြောင့်လှမ်းခေါ်တဲ့အမျိုးတွေကြောင့်သာငါလာရခြင်း။အန်တီလေးတို့ကငါ့ကိုကျွေးခဲ့တာဆိုတော့ငါမသွားလို့လည်းမကောင်းပေ။

Nonကငါ့ညီမ၀မ်းကွဲနဲ့လက်ထပ်ခဲ့တာကြောင့်သူတို့အိမ်တွင်လာတည်းဖို့ခေါ်၏။အန်တီလေးတို့စီမှာမနေချင်တာကြောင့်ငါသဘောတူလိုက်သည်။

မြို့ထဲရောက်ပြီးစားသောက်ဆိုင်တစ်ခုမှာငါတို့နားဖြစ်သေးသည်။ကလေးထိန်းရတာပင်ပန်းနေမည်စိုး၍winnyကသမီးလေးကိုခေါ်ပေးထားလေသည်။

မနေ့ကတည်းကချီလာရတာမလို့ငါ့လက်မောင်းတွေအောင့်နေတာအမှန်။ကလေးမွေးပြီးတာလည်းမကြာသေးတဲ့အပြင်ခရီးပန်းတာကြောင့်ငါ့ခေါင်းတွေမူးနောက်နေ၏။

ဒေါက်တာကငါ့အတွက်သံပုရာရည်တစ်ခွက်မှားပေးတာကြောင့်ငါပြုံး၍သာခေါင်းငြိမ့်ပြလိုက်သည်။သူတို့အဖို့ကတော့လိမ္မော်ရည်သာ။

My baby father (geminifourth ff✅)Where stories live. Discover now