Two of us
Zhan Yi
ဒါဟာ ကိုယ်နဲ့ မင်းနဲ့ ရဲ့ ကမ္ဘာ..ကိုယ့်လက်တွေရဲရဲတွဲထား ချစ်သူ .......ရှေ့မှာ တားဆီးမယ့် အခက်အခဲတွေ ကို ကိုယ်တို့ရင်ဆိုင်ဖြေရှင်းကြစို့ ......
Ready ?
Let's go######
သူလက်တွေ ကို ဆုပ်ကိုင်လိုက်တော့ သူစီက အပြုံးလေးတခု....
"ကျေးဇူးချစ်သူ"
"အရာရာတိုင်း အတွက် ကလေးအနားမှာ ကိုကို အမြဲရှိနေမယ်နော် "
######မနက်ခင်း ရဲ့ တောက်ပနေတဲ့ နေရောင်လေးအောက်မှာ တောက်ပစွာ ပွင့်လန်းနေတဲ့ ပန်းလေးတွေကို ကြည့်ရင်း ရှောင်းကျန့် ဆိုင်လေးကို တံခါးလေးတွေဖွင့်လိုက်တယ်...အမြဲတမ်း နေ့စဉ် လုပ်နေကြ ....ဒီဆိုင်လေးရဲ့ ပိုင်ရှင် ဖြစ်ပြီးကထဲက ..လုပ်နေကြအလုပ်လေးတွေ ထဲက တခု နေ့တိုင်း ဆိုင်လေးက စတော်ဘယ်ရီ လက်ကိုင်ပုဝါလေး တွေ ကိုဆိုင်ရှေ့မှာ ချိတ်ဆွဲထားတာ...အဲဒါက ဒီ our Heaven coffee shop လေးရဲ့ အစဉ်အလာ......
ချိတ်ဆွဲပြီး လေထဲမှာ တဖျပ်ဖျပ်လွင့်နေတဲ့ လက်ကိုင်ပုဝါ လေးတွေကိုငေးကြည့်ရင်း ....မျက်ဝန်းတစုံ ကို ပြင်းပြင်းပျပျလွမ်းဆွတ်လာတော့သည်" yibo ရယ် ဘယ်တွေ များထွက်သွားတာလဲကွယ်"
တချိန်တုန်းက သူကိုငေးကြည့်နေဖူးတဲ့ မျက်ဝန်းတစုံကို လွမ်းဆွတ်လာတယ်....ပြန်လာပါ....တချိန်တုန်းကလိုမျိုး ငါကို စောင့်ကြည့်ပေးပါအုန်း ကလေးလေးရယ်...
သူသတိရလာပြီးနောက်ပိုင်း....သူဘဝထဲက ကလေးထွက်သွား ခဲ့တယ်...
သူက ကျတော် ရှင်သန်ခြင်း အကြောင်းတရားတခုပါ ....
ကျတော် သူကို ချစ်မိသွားခဲ့တာ သူကျတော်ဘဝထဲက ထွက်သွားပြီးကထဲက .....
ကျတော် သူရဲ့ our heaven coffee shop လေးကို သူ့မိဘတွေစီက ငှားရမ်း ပြီးဆက်ဖွင့်ပေးခဲ့တယ်
သူ့မိဘတွေကလည်း အသာတကြည်နဲ့ခွင့်ပြုပေးခဲ့တယ်...သူကို လွမ်းနေတဲ့ အလွမ်းတွေကို သူ့ဆိုင်လေးကို ပိုကောင်းအောင် လုပ်ပြီး သူစောင့်ဆိုင်းခဲ့တယ်...
အဲဒီနေ့က မိုးတွေရွာနေတယ် ...သူဆိုင်အပြင်မှာရွာနေတဲ့မိုးတွေကို ဆိုင်ပြတင်းပေါက် နားက ခုံလေး မှာ ထိုင်ရင်း ကြည့်နေတယ်...မိုးတွေက သိပ်လှတာပဲ....ရွာနေတာ လို့ ပြောခဲ့ဖူးတဲ့ စကားသံလေး ကြားယောင်ရင်း သူ မျက်ဝန်းတွေ စိုစွတ်လာတယ် .....
ခဏကြာသူငိုနေမိပြီ...