A\N ဒါလေးက Best Fiction Reviews For Xiao Tu Fei page မှာပါထားတဲ့ Fic လေးပါနော်
Happy Birthday XiaoZhanYou are Mine
ZhanYiရှောင်းကျန့်က professional photographer တယောက်ဖြစ်တယ် ရှောင်းကျန့်က ဓာတ်ပုံရိုက်နေရရင်ကိုပျော်နေတတ်သူတယောက်
ဝမ်ရိပေါ်ကတော့ professional racer တယောက်ရှောင်းကျန့် magazine photo shot တခုကို လက်ခံရိုက်ကူးပေးဖို့ အကူအညီတောင်းခံရတယ်
ထို မဂ္ဂဇင်းက အားကစားလောကမှာ အောင်မြင်နေတဲ့ သူတွေအကြောင်းကို ၃လတခါ ထုတ်ဝေလျက်ရှိနေတဲ့ နာမည်ကြီးမဂ္ဂဇင်းတိုက်တခုဖြစ်တယ်
ရှောင်းကျန့်နဲ့လဲခဏခဏတွဲလုပ်ဖူးတာမို့လက်ခံလိုက်တယ်
ဒီတခါ ဓာတ်ပုံရိုက်ကူးရမှာက Racer တယောက်ဆိုတော့ ရှောင်းကျန့်က ဓာတ်ပုံရိုက်ကူးဖို့ကို ခပ်မိုက်မိုက်စတိုင်လေးနဲ့ ခပ်ကြမ်းကြမ်း ပုံစံပြင်ဆင်ထားကာ တော်တော်လေးအားရဖွယ်ရာပင်
ဒါပေမဲ့လဲ အင်း ဒီဒါပေမယ့်လဲကိုပြောရသည်မှာ တော်တော်လေးကို ဂွတီးဂွကျနိုင်ပြီး ပျော်ရွှင်စရာ ရင်ခုန်သံတချို့ကို ယူဆောင်လာလိမ့်မယ်လို့တော့ နည်းနည်းမှကြိုတင်မတွေးတောထားမိပေ
ကွမ်ယင်မယ်တော် ကယ်ပါ 🙏"ကျွန်တော်ဝမ်ရိပေါ်ပါ" လို့ပြောပြီး နုတ်ဆက်လာတဲ့ကောင်ငယ်လေးကြောင့် ရှောင်းကျန့်မှာ အသက်ဘယ်ကရှူရမလဲ မသိတော့လောက်အောင် ကောင်လေးကို ငေးမောကြည့်မိတော့သည်
"OMG" ဘုရားတမိလောက်အောင်ပင်
ထိုကလေးငယ်လေးက ဖြူဖြူဖွေးဖွေးပေါက်စီလုံးလေးအတိုင်း ပါးဖောင်းဖောင်းလေးတွေနဲ့ ချစ်စရာ သိပ်ကောင်းလေသည်
ထိုကောင်လေးကို စတွေ့ချိန်မှာ ရှောင်းကျန့်ရဲ့ ဘယ်သူကိုမှရင်မခုန်ခဲ့တဲ့ ဒီနေ့ထိ အောင်အောင်မြင်မြင် ထိန်းသိမ်းထားသမျှ နှလုံးသား လေးက ငလျင်လိုပင် အဆက်မပြတ်ခုန်လှုပ်နေတော့တာဖြစ်လေတော့ လူပျိုကြီးဈာန်လျှောလေတော့တာမို့ ဝမ်ရိပေါ် အချစ်ကလေးရေ ကိုယ်ကတော့ အချစ်မှာကျရှုံးသွားပါပြီ
မြင်မြင်ချင်းအချစ်မို့အထင်မသေးလေနဲ့ ဝမ်ရိပေါ်လေးကို ချစ်တဲ့အချစ်တွေက ရေကာတာကျိုးသလိုပင် ပါးဖောင်းဖောင်းလေး ကို လက်ခုပ်ထဲထည့်ပြီး ဘယ်ပြန်ညာပြန် အာဘွားတွေချည်းပေးပစ်ချင်လာလို့ မနည်းအိံန္ဒြေဆည်နေရတယ်
ကောင်ငယ်လေးကလဲ racing လုပ်နေကြနေရာမဟုတ်သလို သူ့ professional မဟုတ်တာကြောင့် ရှောင်းကျန့်လုပ်ခိုင်းသမျှအကုန်လုပ်ကာ တချက်တချက် သူနားမလည်တဲ့အမူအယာတွေလုပ်ခိုင်းပြီဆို မျက်မှောင်လေးတွေကျုံလို့ ရှောင်းကျန့်ခိုင်းသမျှမညီးမညူလုပ်ရှာတယ်