၁၄

45 2 0
                                    

ကိုကို သိပါစေ

အခန်း (၁၄)

" ကိုကို ... သား လက်ဝှေ့ထိုးသင်မလို့ "

အားတက်သရော စကားစလာသော တိမ်လွှာ့ ကို မိုးတိမ် မျက်မှောင်ကြုံ့၍ကြည့်လိုက်ပြီး

" ဘာလုပ်ဖို့လဲ ငယ်လေးရ "

ဟု ပြန်မေးလိုက်သည် ။ ထိုအခါ တိမ်လွှာ က မိုးတိမ် ကို ရယ်ပြကာ

" ကိုကိုကလဲ လက်ဝှေ့ထိုးသင်တာဘာအကြောင်းပြချက်လိုသေးလို့လဲ "

ဟု ပြန်ပြောသည် ။

" ငယ်လေး က ကရာတေးသင်ထားပြီးပြီကို ... ကရာတေးသင်တုန်းကတောင် ဒဏ်ရါဒဏ်ချက်တွေ အညိုအမဲတွေနဲ့ တစ်ရက်သင်ပြီး ငါးရက်လောက်နားလိုက်ရတာကို လက်ဝှေ့ထပ်သင်အုံးမလို့လား "

မိုးတိမ် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သော်လည်း တိမ်လွှာ က မိုးတိမ် ကို ရယ်ပြကာ

" သား စာရင်းပေးထားပြီးပြီ ကိုကိုရ "

ဟု ပြောသည် ။ ထို့ကြောင့် မိုးတိမ် ဘာမှထပ်မပြောတော့ပဲ တိမ်လွှာ့ကို လက်နှစ်ဖက်မြှောက်ပြလိုက်သည် ။

            

သဲအိတ်မဟုတ်သည့် တောင့်တင်းခိုင်မာလှသော နံရံကို တိမ်လွှာ လက်သီးဖြင့် အဆက်မပြတ် ထိုးနေမိသည် ။ နံရံကို လက်သီးနှင့်ထိုးနေရင်းမှ ပါပြင်ပေါ်သို့ လိမ့်ဆင်းကျလာသော မျက်ရည်ပူများကို လက်ခုံဖြင့် ကြမ်းတမ်းစွာသုတ်ဖယ်ပစ်နေမိသေးသည် ။ ပါးစပ်မှလဲ

" အသိဝင်စမ်း မိုးတိမ်လွှာ ... ကျေးဇူးပြုပြီး အသိတရားရှိစမ်းပါ "

ဟု ရေရွတ်နေမိသည်။ ထိုသို့ ရေရွတ်နေရင်းနှင့် နံရံကို အားသုံး၍ ခေါင်းနှင့်ဆောင့်လိုက်သည် ။ အား ဟူ၍လဲ အသံကုန်ဟစ်၍ အော်လိုက်မိသည် ။ စိတ်ထဲမှဒဏ်ရါက အပြင်ပန်းမှဒဏ်ရါထက် ပို၍နာကျင်ရသဖြင့် တိမ်လွှာ နာကျင်နေသောနဖူးကို ဂရုမစိုက်မိ ။ ထို့အတူ ယောင်ကိုင်းလာသော လက်ဆစ်များကိုလဲ ဂရုမစိုက်မိ ။

            

" မား ... သား ဘယ်မှာကျောင်းတက်ရမှာလဲ "

ကိုကို သိပါစေ / ကိုကို သိပါစေ (18)Donde viven las historias. Descúbrelo ahora