1K 32 1
                                    

🍃ကိုကို သိပါစေ🍃

အခန်း (၃)

များပြားလွန်းသောလူများ ဆူညံလွန်းသောအသံများကြောင့် တိမ်လွှာ မိုးတိမ် ကို ခန်းမထဲတွင်ထားခဲ့ကာ အပြင်ထွက်လာခဲ့သည် … ။ တိမ်လွှာ အပြင်ဘက်သို့ရောက်သောအခါ ခြေဦးတည့်ရာ လျှောက်သွားရင်း အစားအသောက်များ ပြင်ဆင်သည့်နေရာသို့ ရောက်လာသည် … ။ ထိုနေရာတွင်ရှိသော လူများက တိမ်လွှာ့ကို ကုမ္ပဏီမှဝန်ထမ်း ဟု ထင်သဖြင့် တိမ်လွှာ ဝင်လာသည်ကို မည်သူမှဘာမျှမပြောကြ … ။ တိမ်လွှာ အားနာနာနှင့် ထိုနေရာမှထွက်ရန် တံခါးပေါက်ဆီသို့ လျှောက်လာစဉ် နွေ့ ကို တွေ့လိုက်ရသည် … ။ တိမ်လွှာ နွေ့ ကို နှုတ်ဆက်ရန်အတွက် လျှောက်လာသော်လည်း နွေ့ ပုံစံသည် ရေးကြီးသုတ်ပြာပုံပေါက်နေသောကြောင့် နှုတ်မဆက်တော့ပဲ အကွယ်တွင် ရပ်နေလိုက်သည် … ။ နွေ က ကိုယ့်အာရုံနှင့်ကိုယ်မို့ တိမ်လွှာ့ ကို မမြင် … ။ လက်ထဲတွင်ကိုင်လာသော အထုတ်တစ်ထုတ်ကို အမှိုက်ပုံးထဲသို့ ပစ်ထည့်ပြီး ထွက်သွားသည် … ။ နွေ ထွက်သွားသောအခါမှ တိမ်လွှာလဲ ထွက်ပေါက်ရှိရာဆီသို့ လျှောက်လာခဲ့သည် … ။ တိမ်လွှာ ထိုသို့လျှောက်လာရင်း အမှိုက်ပုံးထဲသို့ နွေ အရေးတကြီးဖြင့် မည်သည့်ပစ္စည်းပစ်ထားခဲ့သည်ကို သိချင်လာသည် … ။ ထို့ကြောင့် အမှိုက်ပုံးကို လှန်ကြည့်လိုက်သည် … ။

" ဟင် "

အမှိုက်ပုံးကိုလှန်ကြည့်လိုက်သောအခါ တိမ်လွှာ့မျက်နှာတစ်ခုလုံး ဝမ်းနည်းစိတ်ကြောင့် ထူပူသွားသည် … ။ တိမ်လွှာ မိုးတိမ်ကို နွေ့ ထံတွင် အမှတ်ရစေရန် ရည်ရွယ်၍ လုပ်ပေးလိုက်သော တိမ်လွှာ၏ ဆိုင်တံဆိပ်ပါ ကိတ်မုန့်ဘူးလေးသည် အမှိုက်ပုံးထဲတွင် မျက်နှာငယ်နေရရှာသည် … ။ ဝမ်းနည်းစိတ်ကြောင့် တိမ်လွှာမျက်ရည်များပင်ကျလာမိသည် … ။ ထို့ကြောင့် စားဖိုဆောင်ရှိလူများ တိမ်လွှာ့ကို သတိမထားမိခင် ထိုနေရာမှ ပြေးထွက်လာခဲ့မိသည် … ။

🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂 🍂

နွေ မိုးတိမ် ၏ ကျေးဇူးဖြင့် အထက်လူကြီးများ၏ ချီးကျူးမှုကို ခံရသဖြင့် ကျေနပ်နေမိသည် … ။ ထို့ကြောင့် မိုးတိမ် ကို ကျေးဇူးတင်စကားပြောရန် မိုးတိမ် တို့ အဖွဲ့ နေရာယူထားသည့် နေရာသို့ ထွက်လာခဲ့သည် … ။ သို့သော် နွေ ထိုနေရာသို့ရောက်သောအခါ မိုးတိမ် ကို မတွေ့ရ … ။ တိမ်လွှာရုတ်တရက် နေမကောင်းသဖြင့် တိမ်လွှာ့ ကို ပြန်ပို့ရန် မိုးတိမ် အရင်ပြန်သွားနှင့်ပြီဖြစ်ကြောင်း မိုးတိမ် ၏ လက်ထောက်က ပြောသဖြင့် နွေ ခန်းမထဲသို့ ပြန်ဝင်လာခဲ့သည် … ။ နွေ ပထမဆုံးအကြိမ်အဖြစ် မိုးတိမ် နှင့် ပတ်သတ်၍ တိမ်လွှာ့ကို မနာလိုဖြစ်မိသည် … ။

ကိုကို သိပါစေ / ကိုကို သိပါေစ (18)Donde viven las historias. Descúbrelo ahora