165 31 20
                                    

နေ မနက်ပိုင်းအစော gym ဆော့ပြီး နားတော့ရေဘူးပါမလာတာကြောင့် မေ ဆိုတဲ့ဆိုင်လေးကိုထွက်လာလိုက်တော့ ဆိုင်ကိုရောက်ရောက်ချင်းမြင်လိုက်ရတဲ့မြင်ကွင်းက နေ့ကိုမျက်မှောင်ကြုံ့သွားစေတယ်။ဘယ်ကမှန်းမသိတဲ့ကောင်က ကိုယ် ‌ချစ်ရေးမဆိုရသေးတဲ့အမျိုးသမီးကို ဘာတွေကြောင်နေမှန်းမသိ။ ဟိုအမျိုးသမီးလေးကလည်း ဒေါသရိပ်လွှမ်းနေတဲ့မျက်နှာလေးနဲ့။ ဒီကောင် ငါနဲ့တွေ့မယ် .....

" နာမည်လေးသိချင်တာကိုကွာ ဘာဖြစ် "
မေ သူမရှေ့ကမျက်နှာရူးကိုတစ်ခုခုလုပ်လိုက်ချင်တယ်။

" ရှင်ဝယ်စရာရှိတာဝယ်ပြီးပြန်ပါ "

" အဟွန်း ကိုယ် သိချင်တာရှိရင်ပြန်မှာပေါ့ကွ "

" ဘာကိုသိချင်တာလဲ!! "
မေ ဒေါသတကြီးထွက်လာတဲ့အသံကြောင့်မော့ကြည့်လိုက်တော့ ....
ဟင် သူ ဘယ်လို ...

" မင်းကဘယ်သူလဲ "

" ဘယ်သူဖြစ်ဖြစ်ပါ သူများဆိုင်ထဲဝင်ပြီး မိန်းကလေးတစ်ယောက်ကိုရိသဲ့သဲ့လုပ်နေတာ ယောကျာ်းကောင်းတစ်ယောက်ရဲ့အလုပ်လား "

" ကျစ် တကယ့်အရှုပ်ထုတ်ပဲ။ ‌နောက်ကမိန်းကလေး ကိုယ် နောက်တစ်ခေါက်ပြန်လာခဲ့ပါအုံးမယ် "
မဲ့ပြုံးပြုံးပြီးထွက်သွားတဲ့ထိုလူကြောင့် နေ လက်သီးဆုပ်လိုက်မိတယ်။

" ဟို ကျေးဇူးတင်ပါတယ် "
နေ့ နောက်ကထွက်လာတဲ့သူမအသံလေးကြောင့်လှည့်ကြည့်လိုက်တော့ သနပ်ခါးလေးလိမ်းထားတဲ့သူမလေး နှုတ်ခမ်းနီခပ်ဖျော့ဖျော့လေးဆိုးပြီး မြန်မာဝမ်းဆက်လေးဝတ်ထားသည်။အင်္ကျီအဖြူခါးတိုလေးနဲ့ထဘီအနက်ရောင်လေးဝတ်ထားသည့် နေ့ရှေ့ကအမျိုးသမီးလေး။တွေ့တဲ့နှစ်ကြိမ်လုံးမြန်မာဝမ်းဆက်နှင့်သာ နေ့ လိုဘောင်ဘီနဲ့ T-shirt တွေကြီးဝတ်တဲ့သူနဲ့တော့ဆန့်ကျင်ဘက်။

" ရပါတယ် "
နေ ဒေါသတွေမပြေသေးတာကြောင့်ခပ်ဆတ်ဆတ်လေးပြောလိုက်မိတယ်။

" ဒီက ချွေးတွေအများကြီးထွက်နေတယ်။အဆင်ပြေရဲ့လား "
နေ gym ဆော့ထားတာခုထိချွေးတွေမသုတ်ရသေး။

" အင်း ရေသန့်ဘူးလေးတစ်ဘူးလောက် ကိုယ့်ကို "
မေ မြန်ဆန်စွာပင်ယူပေးလိုက်သည်။

တကယ်လို့များWhere stories live. Discover now