“ ညနေဘက်ညဈေးသွားရအောင်လေ ”
ဟန် လမ်းပေါ်မှာသွားနေတဲ့ဆိုင်ကယ်တွေစက်ဘီးတွေကိုငေးနေရင်း နေ ကစကားပြောလာတယ်။“ ဟင် ညဈေး ဘယ်နားကညဈေးလဲ ”
ဟန် တကယ်မသိလို့မေးခြင်းပင်။ဟန် ကပုံမှန်ဆိုလုံးဝအပြင်မထွက်ပါ။နေ နဲ့ကျမှသူသွားတဲ့နေရာလိုက်နေခြင်းပင်။“ ပုဗ္ဗကလေ ”
“ ပုဗ္ဗကအဝေးကြီးပဲမဟုတ်လား နေရဲ့။အပြန်ကျရင်မိုးချုပ်နေမှာပေါ့ ”
“ အခုနီးသွားပြီလေ လေသာရွာနောက်ကဆင်သေချောင်းကိုတံတားလုပ်လိုက်ပြီ ”
“ ဟင် ဘယ်နေရာတွေလဲ ဟန် မသိပါဘူး နေရယ် ”
ဟန် ကမျက်မှောင်လေးကျုံ့ပြီးပြောလာတယ်။ချစ်စရာ ချစ်စရာ။နေ ခနခနတောင်းဆိုတာကြောင့် ဟန်ကသူ့ကိုယ်သူ ဟန် လို့ပြောင်းသုံးလာခြင်းပင်။“ ကိုယ် နဲ့လိုက်ခဲ့လေ ဟန် ဘာမှမပူနဲ့လမ်းတွေဘာတွေအကုန်သိသွားစေရမယ် ”
မျက်လုံးလေးတစ်ဖက်မှိတ်ပြီးဖြေလာတာကြောင့် ဟန်ကမျက်စောင်းခဲလိုက်တယ်။“ ဒေါ်လေးကဆူနေလိမ့်မယ် ”
“ ဟင် ကိုယ်နဲ့ဆိုစိတ်ချတယ်ပြောထားတယ်လေ ဒေါ်လေး က ”
“ ဟွန်း။ဘယ်ချိန်သွားမှာလဲ ”
“ လေးနာရီလောက်ပေါ့ ”
“ အွန်း ရတယ်လေ။ဆိုင်ကယ်နဲ့လား ”
“ ဟုတ်တယ်။ဆိုင်ကယ်နဲ့ပဲသွားရအောင်။ဆိုင်ကယ်ဦးထုတ်မလိုဘူးလေ ”
“ ဟုတ်ပါပြီရှင်။အခုတော့အိမ်ပြန်တော့ အိမ်မှာလုပ်စရာရှိတာလုပ်အုံး။ဟန့် ဆီပဲလာမနေနဲ့ ”
မျက်စောင်းလေးခဲရင်းပြောလာတာကြောင့် နေ သဘောကျစွာပြုံးလိုက်တယ်။~~~
“ ဒီမှာကလယ်တွေကြီးပဲနော် ”
နောက်က ဟန် ကပတ်ဝန်းကျင်ကိုစူးစမ်းရင်း နေ့ကိုပြောလာတဲ့စကား။နေ့ ခါးကအင်္ကျီစလေးကိုမရဲတရဲလေးနဲ့ကိုင်ထားသည်မှာအသည်းယားစရာ။“ အင်း မြေပဲစိုက်ရတာလေ သဲလယ်တွေဆိုတော့ မြေပဲတို့နှမ်းတို့အစိုက်များကြတယ်။ပြောင်းဖူးလည်းစိုက်တယ်။ဒီဘက်မှာလည်း ကိုယ်တို့လယ်နှစ်ဧကရှိတယ်လေ အပြန်ကျရင်ဝင်ပြမယ် ”