"ဒီနေ့ ဂရုစိုက်ဦး"
အငွေ့တစ်ထောင်းထောင်း ထနေသော ထမင်း ပန်ကန်များကို နေရာချရင်း ရစ်ခီက ဆိုလာသည်။
"အင်း "
ရစ်ခီချထားပေးသော ထမင်း ပန်းကန်ကို ဆွဲယူရင်း ဂယူကရစ်ခီ့ ကိုပြန်ဖြေလေသည်။ ရစ်ခီ သည် ဂယူနှင့် စခင်ခဲ့သည့်အချိန်များထက်စာလျှင် ယခုပို၍ ဂယူ့ အပေါ် အနိုင်ယူလာသော်လည်း အမြဲတမ်း ဂယူ့ကိုစိုးရိမ်တတ်သူလည်းဖြစ်သည်။
"စိတ်လည်းကြီးမနေနဲ့ တော်ရုံပဲလုပ် "
ရစ်ခီလည်း ဂယူ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ရင်း ထပ်မံသတိပေးလာပြန်သည်။ ရစ်ခီ စိုးရိမ်နေသည်ကိုဂယူသိပါသည်။ ရှေ့တစ်ခေါက် basketball ပြိုင်ပွဲ တုန်းက ဂယူ ဒဏ်ရာပြင်းပြင်းထန်ထန် ရဖူးသည်ကို ရစ်ခီ ရော ထယ်ရယ်နှင့်မေမေ တို့က မေ့လိမ့်မည်မထင်ပါ။ ဂယူကဖော်ရွေသည်။ လိမ္မာသည်။ လိုအပ်လာလျှင် တစ်ဖက်သားအား ကူညီချင်စိတ်ကလေးလည်း ရှိပြီးကောင်းကွက် တွေစုပြုံ နေသော လူငယ်လေး ဖြစ်သည်။
သို့ရာတွင် လူငယ်ပီပီ အနိုင်ယူချင်စိတ် နှင့် မခံချင်စိတ် ကလေးလည်း ကိန်းအောင်း နေပြန်သေးသည်။ ထိုစဉ်တုန်းက ဂယူတို့အသင်းက ရမှတ်ကွာ ပြီး ရှုံး တော့မည့်အခြေအနေကို ဂယူလက်မခံချင်ခဲ့သောကြောင့် အားကုန်သုံး၍ ကစား ရာမှ ညာဘက်ခြေကျင်းဝတ် ဒဏ်ရာဖြစ်ခဲ့ရသည်ကို ဂယူလည်း
မမေ့နိုင်ပါ။"အေးပါကွာ ဂင်မ်ဂယူဘင်းပါ ၂ခါမရှုံးဘူး စိတ်ချ"
"ဟ မင်းရှုံးမှာစိုးလို့ပြောနေတာမဟုတ်ဘူး။ ရှုံးချင်ရှုံး ဒဏ်ရာတော့မရ စေနဲ့လို့။ အရင်တစ်ခေါက်က မေမေ ငိုတာ မင်းမသိလို့လား ဟမ် ထိုးလိုက်ရ "
ထမင်း စားရင်း လက်သီး တစ်ရမ်းရမ်းလုပ်နေသည့် ရစ်ခီ့ကို
ဂယူ စကားနိုင်ဆက်မလုချင်တော့ပါ။ ပုံမှန်အချိန်တွေဆို ကြောင်တောင်တောင်နဲ့ဘာတွေကြောင်နေမှန်းမသိတဲ့ကောင်က တစ်ချက်တစ်ချက် သူငယ်ချင်းကောင်း ထထလုပ် ပြီး အမှန်တွေလည်းပြောတတ်သေးတာ ။"ထမင်း စားရင်း ဖြစ်ကြပြန်ပြီလား?"
ပြောပြောဆိုဆိုနဲ့ ထမင်းစားခန်းထဲဝင်လာကြတဲ့ ထယ်ရယ်နဲ့
ဟန်ဘင်း လည်း မနက်စာစားဖို့နေရာယူနေကြသည်။
ဂယူ မသိမသာ လက်ယက်ခေါ်တော့ ဂယူ့ဘေးဝင်ထိုင် သည့် ဟန်ဘင်းဟျောင်း ၏ ထမင်းပန်းကန်လုံးထဲ ကြက်ဥလိပ်တစ်ခု ထည့်ပေးရင်း မျက်နှာ လေးကိုအနီးကပ်ဖူး မျှော်ရသေးသည်။
YOU ARE READING
10 Months
Romance"မင်းကတော့ ပြဿနာအိုးလေးပဲ " "ဟုတ်တယ် ကျွန်တော်ကပြဿနာအိုးလေးပဲ တကယ်လို့ဟျောင်းသာကံကောင်းရင် ကျွန်တော်က ဟျောင်းပိုင်တဲ့ ပြဿနာအိုးလေးဖြစ်လာနိုင်ပါတယ်။ "