Seoul မြို့ ကောင်းကင်ဟာ နေဝင်ခါနီး တောက်နေတဲ့ တိမ်တွေနဲ့ အတူနီစွေးနေတယ်။ တောင်ကိုရီးယား တွင် နွေဦးရာသီ ရောက်နေပြီဖြစ်သော်လည်း ဇွန် လအလယ် ရောက်နေသည်မို့ မိုးရွာနိုင်ချေကလည်း များတဲ့ ကာလပင်။
ဟန်ဘင်း အတန်း တက်ချင်စိတ် မရှိ သောကြောင့် ကျောင်းစာကြည့်တိုက်မှာ စာဖတ်ရင်း စိတ်စုစည်းဖို့ ကြိုးစား ပေမဲ့ အာရုံ စိုက်မရ ။ ဦးတည်ချက်မရှိ ဟိုဟို သည်သည် ငေးကြည့် ရင်း သူ့မျက်ဝန်းတွေ တစ်နေရာမှာ ရပ်တန့်သွားရတယ်။
ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ရင်း ပြတင်းအပြင် ဘက် ကောင်းကင် ကို ငေးနေတဲ့ ကောင်လေး ဟာ နှုတ်ခမ်းပါးလေးတွေ ကွေးတက်သွားတဲ့ အထိ ကျေကျေနပ်နပ်ပြုံးနေလေရဲ့ ။ ကြည်လင်နေတဲ့ ရာသီဉတုကြောင့် စိတ်ကြည်သွားပုံပင်။
သူ့ ဘေးတွင်ချထားသော ကျောပိုးအိတ်ကို ပုခုံး တစ်ဖက်ကလွယ်ရင်း ကျန်လက်တစ်ဖက်က သူပိတ်လိုက်တဲ့ စာအုပ် လေးကို ကိုင်ရင်း စာအုပ် အပ်သည့် counter ကို ထလျှောက်သွားတော့မှ အိတ်မှာ စုပြုံ နေအောင်ချိတ်ဆွဲထားတဲ့ ကီးချိန်း လေး တွေ အချင်းချင်း ရိုက်ခတ်သံ လေးက ထွက်ပေါ်လာတယ်။
ခြေသံ ဖွဖွ နင်းလျှောက် သွားပုံ က သူဝတ်ထားတဲ့ ဟူဒီ အပြာရောင် နဲ့ တွဲဖက်လိုက်လျှင် ပိုရိုရို ပေါက်စလေး နဲ့ တူနေသည်မို့ ဟန်ဘင်း ပြုံးမိသွားရသည်။ Assignment တစ်ခု ကြောင့် ရှုပ်ထွေး နေတဲ့ စိတ် တွေလေထဲလွင့်သွားသလို ကြည်လင်မှုကို ခံစားလိုက်ရသလို။ တစ်ချို့လူ တွေမှာ အကြည်ဓာတ် ဆိုတာတကယ် ရှိတာပါလား လို့တွေးရင်း ဟန်ဘင်း ခေါင်းတငြိမ့်ငြိမ့် လုပ်နေမိသည်။
မျက်စိရှေ့က မပြီး ပြတ်သေးတဲ့ ရေးလက်စ စာတန်းကို ကြည့်မိတော့ သက်ပြင်းမော လေးချမိပြန်ပါသည်။
"အိမ် ရောက်မှ ဆက်လုပ်တာပေါ့ "
ပြန့်ကျဲ နေတဲ့ စာရွက်တွေကို စုစည်း သိမ်းဆည်းပြီးတော့ မှန်ပြတင်း အပြင်ကို ကြည့်မိတော့ ရာသီဉတုက အချိန်ခဏ လေးအတွင်းမဲ မှောင်လာနေလေသည်။ မဆီမဆိုင် ရာသီဥတု ကောင်းပုံရလို့ ပြုံး နေခဲ့တဲ့ ကောင်လေး မျက်နှာကို မြင်ယောင် လာမိသည်။ စာကြည့်တိုက်သည် main ဆောင် ဒုတိယထပ်တွင် တည်ရှိနေပြီး မှန်ပြတင်းမှ ငုံ့ကြည့်လျှင် ပထမထပ် (မြေညီထပ်) မှ main ထွက်ပေါက် အမိုးအောက်ကို ကောင်းကောင်း မြင်နိုင် သည်မို့ ဟန်ဘင်း ထွက်ပေါက် ဘက် ငုံ့ ကြည့်မိတော့ အပြာရောင် ပိုရိုရို လေးဟာ အမိုးအောက်မှာ ငုတ်တုတ် လေးထိုင်ရင်း စိတ်ပျက် နေပုံပင်။ ထီးဆောင်လာမည့် ပုံလည်း မပေါ်။
YOU ARE READING
10 Months
Romance"မင်းကတော့ ပြဿနာအိုးလေးပဲ " "ဟုတ်တယ် ကျွန်တော်ကပြဿနာအိုးလေးပဲ တကယ်လို့ဟျောင်းသာကံကောင်းရင် ကျွန်တော်က ဟျောင်းပိုင်တဲ့ ပြဿနာအိုးလေးဖြစ်လာနိုင်ပါတယ်။ "