06(final)

622 66 14
                                    

တမ်းတနေခဲ့ရသော Seoul မြို့ လေထုကို ပြန်ခံစားရပြီဖြစ်‌သော်လည်း ဟန်ဘင်း ရင်ထဲမှာ ဗလာနတ္ထိ။ လေဆိပ်တွင် အသီးသီး လာကြိုကြသော လူအုပ်ကိုကြည့်ကာ ဟန်ဘင်းထွက်မသွားခင် ခပ်ဖွဖွနမ်းခဲ့ဖူးသော နဖူးပြင်လေး ၏ အိစက်မှုကိုတမ်းတနေမိလေသည်။ ကြယ်တာယာ များကဲ့သို့ တောက်ပနေသော မျက်လုံးလေးများ ကိုလည်း မြင်ယောင် ရင်း။

ဟန်ဘင်း တို့မောင်နှမနှင့်မေမေ Seoul မြို့လယ်ခေါင်တွင် ကွန်ဒိုတစ်ခုဝယ်ကာနေဖြစ်ကြလေသည်။ မေမေ တို့က အချိန်အကြာကြီးနိုင်ငံရပ်ခြားတွင်နေခဲ့ရသူများဖြစ်သောကြောင့် ကိုရီးယားနှင့်အသားကျ ရန် ကြိုးစားကူညီပေးရဦးမည်။

ဟန်နီ က အကကိုရူးသွပ်သောသောကြောင့် သင့်တော်သော အကသင်တန်းများစုံစမ်းပေး မည်ဟုစိတ်ကူးထားလိုက်သည်။ လောလောဆယ်မှာတော့ ဟန်ဘင်း ကွန်ဒိုရောက်ရောက်ချင်း ဘာမှမတွေးနိုင်တော့ပဲ ဂယူ့ဆီသာပြေးသွားချင်နေမိသည်။

" ဟန်နီ  ကိုကို တစ်နေရာသွားစရာရှိလို့ မေမေနဲ့ပစ္စည်းနေရာချတာကူပေးလိုက်နော် ကိုကိုအပြန်မိုးချုပ်လိမ့်မယ်ထင်တယ် တံခါးသေချာပိတ်နော် မေမေ ကျွန်တော်သွားလိုက်ပါဦးမယ်"

မေမေတို့ကို နှုတ်ဆက်ကာ လွယ်ထားသော အိတ်ကိုတောင်မချနိုင်ပဲဟန်ဘင်းအမြန်ပြေးထွက်ခဲ့လေသည်။ တစ်ချိန်တုန်းကချစ်သူ နှင့် အတူရှိနိုင်ခဲ့သော ရိပ်မြုံလေးသို့ ....

"ဟယ် သား ဟန်ဘင်းနီး ဘယ်တုန်းကပြန်ရောက်တာလဲ ဂယူလည်းဘာမှမပြောပါဘူး သားပြန်လာတာ သားဂယူရောသိရဲ့လား? သားညီမလေးရော တိုးတက်မှုရှိရဲ့လား? အခုရောတစ်ယောက်ထဲလာတာလား?"

ဂယူ့မေမေသည် ဟန်ဘင်းကိုမြင်လိုက်ရ၍ စိတ်လှုပ်ရှားကာ မေးခွန်းတွေတန်းစီ မေးနေသော်လည်း ဟန်ဘင်းမှာတော့ မရောက်တာကြာပြီးဖြစ်သည့်အိမ်ထဲမျက်လုံးကစားကာ လွမ်းနေရသော ပုံရိပ်လေးကိုရှာဖွေနေမိသည်။

"ဖြည်းဖြည်းမေးပါမေမေရယ် ဘယ်မေးခွန်းကစဖြေရမလဲ?"

ဧည့်ခန်းတွင်ထိုင်ကာ ဟန်ဘင်း ဖြစ်ကြောင်းကုန်စင်ရှင်းပြတော့ဂယူ့ မေမေက ဟန်ဘင်းလက်ကိုခပ်ဖွဖွဆုပ်ကိုင် ရင်းအားပေးလေသည်။

10 MonthsWhere stories live. Discover now