Unicode
ကုမျန်ကို အများကြီးကူညီပေးခဲ့တယ်လို့တောင် ပြောလို့ရတယ်။
အဲဒါကြောင့် လော့ကျစ်ယွီက အခု ဒီမေးခွန်းကို မေးလိုက်တာ။
လော့ချယ်က သူ့မျက်နှာကို လက်တစ်ဖက်နဲ့ အုပ်ထားပြီး စိတ်တည်ငြိမ်စေဖို့ မျက်လုံးမှိတ်ထားတယ်။ သူ အဲ့ဒီစကားကို ကြားတဲ့အခါ အနည်းငယ် လှုပ်လှုပ်ရွရွဖြစ်သွားတယ်။
သူတို့တွေက သူ့ပရိသတ်တွေဖြစ်တာကြောင့် သူ တချို့အရာတွေကို နားလည်နေဆဲပင်။
မဟုတ်ရင် သူ ပေါ့ပေါ့ပါးပါး likeပေးခဲ့မှာ မဟုတ်ဘူး။
လော့ကျစ်ယွီက အော်ဟစ်လိုက်ပြီး နောက်ပြောင်လျက်ပြောလာခဲ့တယ်။"အားချယ်၊ မင်းက မျက်နှာနှစ်ဖက်ရှိတဲ့သူပဲ မင်းသူ့ကိုမကြိုက်ဘူးလို့ ပြောလိုက်တုန်းက မင်းကို ကြည့်ရတာအရမ်းရိုးသားပုံပေါက်တယ် မင်းကောင်မလေးကို မင်းသိပ်ဂရုမစိုက်လို့ ငါကတောင် မင်း သူ့ကို လုံး၀ဂရုမစိုက်ဘူးလို့ တကယ်ကြီးထင်ခဲ့တာ ဒီတစ်ခေါက်မှာ မင်းသူ့ကိုကူညီလိုက်မယ်လို့ ငါမမျှော်လင့်မိခဲ့ဘူး"
လော့ချယ်က သူ့မျက်၀န်းတွေကို ဖြည်းညှင်းစွာဖွင့်လိုက်ကာ ကြည်လင်လုနီးပါး အလွန်အမင်းလှပတဲ့ မျက်၀န်းတစ်စုံကို ထုတ်ဖော်ပြသလိုက်ပြီး သူ့ရဲ့နှုတ်ခမ်းပါးက အသာအယာပြောလာတယ်။ "ဒါက သူမရဲ့ဂျင်းစွပ်ပြုတ်တစ်ခွက်ကို ပြန်ဆပ်လိုက်ရုံပဲ"
လော့ကျစ်ယွီက သူအဲ့ဒါကိုမယုံဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ မျက်လုံးလှိမ့်ပြလိုက်တယ်။
အွန်လိုင်းမငြိမ်မသက်မှုတွေက ချောမွေ့စွာ ပြီးဆုံးသွားခဲ့တယ်။ ကုမျန်အတွက် သူမရဲ့ စိတ်အခြေအနေကို ထိန်းညှိရန် မလိုအပ်တော့ပါဘူး။ ဒါရိုက်တာက သူမရဲ့မန်နေဂျာ လီနန်ရဲ့ ဆဲလ်ဖုန်းဆီ တိုက်ရိုက်ဖုန်းဆက်လာပြီး တိုးတက်မှုကို မနှောင့်နှေးစေဖို့အတွက် နေ့လည်ခင်းမှာ ရိုက်ကူးရေးသွားပေးဖို့ တောင်းဆိုလာတယ်။
ကုမျန်က မပျော်ဘူးဆိုရင်တောင် အစ်ကိုနန်နဲ့ ရှောင်ကျူးတို့နဲ့အတူ ရိုက်ကွင်းပေါ် ရှိနေရမှာဖြစ်တယ်။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)