🍀 ကျွန်တော်ဟာသူ့ရဲ့ကာမပိုင်ေယာက်ျား 🍀
🍀 Part ( 1 )🍀
_________________________________" ဒုန်း....ခွမ်း "
Bar တစ်ခု ၏ VVIP ခန်းတစ်ခုထဲတွင်လူတစ်ယောက် အရက် ပုလင်းကို ခွဲချလိုက်သည် ။
V shape ပုံစံမေးရိုးနှင့်ထိုလူသည် လူချောတစ်ယောက်ဆိုတာတော့ သိ သာနေမည်ထင်၏ ။သူ့၏နာမည်ကတော့ နှိုင်းတုမဏီ ။ နာမည် ကြားလိုက်ယုံဖြင့် လူတွေဟာ သူ့ကိုကြောက်ရွံကြသည် ။
စီးပွားရေးလောက၏ နတ်ဘုရားတစ်ပါးဟုတင်စားရသော နှိုင်းတုမဏီသည် အသက် ၂၃ နှစ်အရွယ်သာရှိသေးသော ငယ်ရွယ်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည် ။
အရပ်အမောင်းကတော့ ၆ ပေကျော်ရှိသောကြောင့်သူ့ရဲ့အရပ်ဟာ လူတွေကြားထဲမှာထင်ပေါ်သည့်လူမျိုးပင် ။နှိုင်းတုမဏီကို သမက်တော်ချင်ကြသော လူတွေမှာ ဒုနဲ့ဒေး ။
သို့ပေမယ့် နှိုင်းတုမဏီ၏ မိခင် ဖြစ်သူ ဒေါ် နန်းမဟာမဏီကို ကြောက်လွန်း၍ သိပ်ပြီးမပြောရဲကြပေ ။သူမ၏မိခင်သည် မြေအောက်လောက ၏ ဘုရင်မ တစ်ပါး ။ ရက်စက်မှုကတော့ ယောက်ျားသားတို့ လက်မြှောက်အရှုံးပေးရသည် ။
အသက် ၄၈ နှစ်အရွယ် မိခင်ကြီးကိုတော့ နှိုင်းတုမဏီ မနိုင်ပေ ။ ဖခင်ဖြစ်သူဆုံးပါးပြီးကတည်းက မိခင်ကပဲ ကျွေးမွေးစောင့်ရှောက်ခဲ့သည်။
ယခု လည်းကြည့် ။ သားဖြစ်သူကို မိန်းမမပေးစားပဲ ယောက်ျားပေးစားမယ်တဲ့လေ ။
ကျုပ် နှိုင်းတုမဏီကယောက်ျားစ စ်စစ် ဗျဟု အော်ပြော ပစ်လိုက်ချင် ၏ ။ သို့ပေမယ့်ပြောမထွက်ခဲ့ပေ ။
ပြီးတော့ ကျုပ်ဆိုတဲ့ နှိုင်းတုမဏီမှာ ရည်းစားရှိသည် ။ သူမ ကိုကျွန်တော်ချစ်သည် ။ အခု မိဘပေးစားလို့ ယောက်ျားရတော့ မည် ။အရက်သောက်ပြီးပေါက်ကွဲပစ်မယ် ။ ဘာမှတ်နေလဲ ငါ ဆိုတဲ့ နှိုင်းတုမဏီ ကွ ။
----------------------------------------
" ကျွန်တော်ဖြစ်ပါမလား အန် တီရယ် "
" ဖြစ်တာပေါ့ကွယ် ဒီမှာ သား နှိုင်း က အန်တီသားပါကွယ့် ။ သားကိုမပိုင်ရင် အန်တီက ခြင်တောင်မရိုက်ဘူး လေ "
YOU ARE READING
ကျွန်တော်ဟာသူရဲ့ကာမပိုင်ယောက်ျား (Completed)
RomanceJuliosoul ပါ 🤧အခု acc မှာပဲ ကိုယ့်ရဲ့ fic တွေကိုပြန်တင်မှာပါ