🍀Part 4 🍀

6 1 0
                                    

🍀ကျွန်တော်ဟာသူ့ရဲ့ ကာမပိုင်ယောက်ျား 🍀

        🍀part 4 🍀

_______________________________

နံနက်ခင်းရောင်ခြည်သည် ကုတင်ပေါ်တွင်အိပ်ပျော်နေသော နှိုင်းတုမဏီ၏ မျက်နှာပေါ်တွင် ကျရောက်နေ၏ ။
နေ၏အလင်းကြောင့် နှိုင်းတစ်ယောက်နိုးလာခဲ့သည် ။ အိပ်ရာဘေးကိုကြည့်လိုက်သောအခါ ဟိုလူ မရှိ ။
နှိုင်းလဲ ရေးချိုးအဝတ်အစားလဲ ပြီး အလုပ်သို့သွားရန်ပြင်ဆင်နေ၏ ။

နှိုင်းယခုလုပ်မည့် Project က အလွန်အရေးကြီးသည့် project ပင် ။

ထို Project ကိုလက်တွဲပြီးလုပ်မည့်လူတွေက တကယ့်ကို ဂျပန်နိုင်ငံက စီးပွားရေးရှင်တွေဖြစ်သည် ။
သူတို့နှင့်သာ လက်တွဲထားမည်ဆိုလျှင် နှိုင်းတို့အတွက်အမြတ်များများရနိုင်၏ ။

နှိုင်း သည် အိမ်အောက်သို့ဆင်းလာသောအခါ အမေက မနက်စာစားနေလေ၏ ။

အိမ်ထဲဝေ့ဝိုက်ကြည့်တော့လည်းဟိုလူ့ကိုမတွေ့ပေ။
နှိုင်းမေမေ့ကိုမေးလိုက်ရမလား ။ သူဖာသာဘယ်သွားသွား ငါနဲ့ဘာဆိုင်တာကျနေတာပဲ ။ ဟွန့် ။

" Good Morning my son "

" Morning "

" လာ ကော်ဖီသောက် "

နှိုင်းထိုင်လိုက်သည်နှင့် အိမ်ဖော်လေးများက နှိုင်းအတွက်လုပ်ပေးကြ၏ ။

" မေမေ ဟိုတစ်ယောက် ရော "

" ဘယ်တစ်ယောက်လဲ သားရဲ့ "

" ဟာ မေမေ ရာ ကျွန်တော့် ယောက်ျားဘယ်သွားလဲလို့ "

နှိုင်းထိုသို့ပြောလိုက်သောအခါ အမေက ရယ်ကျဲကျဲဖြင့် ။ မမေးပါဘူးလို့ လုပ်ထားပြီးမှ ဒီပါးစပ်ကလဲ အလိုက်ကန်းဆိုးမသိဘူး ။

" သားသျှင်နှောင်းက သူ့အလုပ်ကိုသွားတယ် သားရဲ့ "

" သူ့အလုပ်က ဟို မေမေ ပြောတဲ့ စာဖိုမှူးအလုပ် ကိုလား "

" ဟုတ်တယ် သားရဲ့ ။ သားသျှင်နှောင်းက သူ့အလုပ်မှာခေါင်းဆောင်လေ ။ အခုလဲ အရှုပ်တွေ သွားရှင်းမလို့ တဲ့ ။ စောစောထသွားတယ် "

" အော် ".

နှိုင်းလဲ ' အော် ' တစ်လုံးတည်းသာပြောလိုက်၏ ။ သူ့အလုပ်အကြောင်းကိုတော့ နှိုင်းစိတ်မဝင်စားပါ ။
သူက မိမိထက် အသက်ကြီးတဲ့လူဆိုတော့ အလုပ်တော့ရှိသင့်တယ်မဟုတ်လား ။ ၁၆ ၁၇ အရွယ်လဲ မဟုတ် ။

ကျွန်တော်ဟာသူရဲ့ကာမပိုင်ယောက်ျား (Completed) Where stories live. Discover now