🍀 ကျွန်တော်ဟာသူ့ရဲ့ ကာမပိုင်ယောက်ျား 🍀
🍀 part 2 🍀
_____________________________
" bezzz. ..bezzz " ( ဖုန်းတုန်ခါသံ)
နှိုင်းတုမဏီ၏ ဖုန်းလာနေခြင်းဖြစ်၏ ။ Contant Name မှာ ' ချစ် ' ဟုမှတ်ထားသောကြောင့် နှိုင်းမျက်နှာသည် ပြုံးသွားသည် ။
" ဟယ်လိုချစ် အဆင်ပြေလား "
" ချစ် တို့လမ်းခွဲရအောင် "
" ဘာ ချစ် မေမေ ချစ်ကိုဘာပြောလိုက်လို့လဲ "
" ရှင့် မေမေ က ဘာမှ မပြောပါဘူး ။ ကျွန်မ ကို သာလမ်းခွဲပေးပါ ။ ကျွန်မ ပြောချင်တာ ဒါပဲ "
" ဟယ်လို...ဟယ်လို ချစ် ဟာကွာ ဖုန်းချသွားပြီ "
နှိုင်းတစ်ယောက် ဖုန်းကို ' ဝုန်း ခနဲ ' ပစ်ချလိုက်သည် ။
နှိုင်းရဲ့ ဖုန်းကတော့ ကြမ်းပြင်ပေါ်မှာ တစ်စစီ ။ နှိုင်းလဲ အလျင်အမြန် ကားပါကင်သို့ဆင်းသွားပြီး အိမ်သို့ ဒုန်းစိုင်း မောင်းသွား ၏ ။သူယခု ပေါက်ကွဲ ပစ်လိုက်ချင်သည် ။
------------------------------------
" မေမေ !!!! မေမေ့ "
" အော်မနေ နဲ့ ။ ဝင်လာခဲ့ "
နှိုင်းရဲ့အမေ သည် ဆိုဖာ ပေါ်တွင် ထိုင်နေပြီး သေနတ်ကို သန့်ရှင်းရေးလုပ်ပေးနေလေ ၏ ။
" အမေ က မာယာကိုဘာတွေပြော လိုက်လဲ ဟင် "နှိုင်း ငယ်ငယ်ကတည်းက သူ့၏ မိခင်ဖြစ်သူအပေါ် မေးခွန်းထုတ်ခြင်းမရှိခဲ့ပေ ။
ယခု ဒီကိစ္စ နဲ့ပတ်သတ်ပြီး သူ မေးခွန်းထုတ်နေရပြီ ။ မေးခွန်းထုတ်ရသည်မှာမှာ လဲ သူ့၏ ဘဝ တစ်ခုလုံးနှင့်သက်ဆိုင်နေခြင်းဖြစ်သည် ။
" စိတ်လျော့ စမ်းပါ My son အိုး တကယ်ပါပဲ "
ဒေါ်နန်းမဟာမဏီ လဲ သေနတ်ကို ချလိုက်ပြီး သူမ ၏ သားဖြစ်သူထံသို့တည့်တည့်မတ်မတ် လျှောက်လာ ၏ ။
" မင်း ရဲ့ ကောင်မ က သိပ်ပြီးအကြောက်ကြီးတယ် ဟက် "
သူ၏ မိခင်ဖြစ်သူ ထံမှ စကားကြောင့် မျက်မှောင်ကျုံ့မိသွားသည် ။
" အမေ သူ့က မိန်းကလေးလေ "
YOU ARE READING
ကျွန်တော်ဟာသူရဲ့ကာမပိုင်ယောက်ျား (Completed)
RomantikJuliosoul ပါ 🤧အခု acc မှာပဲ ကိုယ့်ရဲ့ fic တွေကိုပြန်တင်မှာပါ