12. Growing up ain't easy

6.9K 437 35
                                    

( Unicode )

ဘုဏ်းဇေယျာကျော် အပါအဝင် ကျောင်းသားကျောင်းသူအားလုံး၏ အကြည့်တို့က လှေကားမှတက်လာသော ရှင်းသန့်ထံ စုပြုံရောက်ရှိနေကြသည်။

သည်နေ့ ရှင်းသန့်က တခြားသူများကဲ့သို့ ကျောင်းယူနီဖောင်း ဝတ်မလာ။ စတစ်ကော်လံနှင့် အဖြူရောင် ရှပ်အင်္ကျီလက်ရှည်ကို ကြယ်သီးအပြည့်တပ်ထားပြီး အနီနှင့်အနက်ကွက်စိပ်ပုဆိုးကို ချပ်ရပ်စွာ ဝတ်ဆင်ထားသည်။ စီးထားသည့် နက်ပြာရောင် ကတ္တီပါခြေညှပ်ဖိနပ်မှာ ဖြူဖွေးသန့်စင်နေသော ခြေချောင်းလေးများနှင့် လိုက်ဖက်ညီလှ၏။

ပုံမှန်ဆို နဖူးနှင့်နားရွက်တို့အပေါ် ဖုံးအုပ်ခွေကျနေသည့် ဆံပင်အကောက်လေးများက အခု မရှိတော့။ အပြောင်ရိတ်ထားတာမျိုး မဟုတ်သည့် ကတုံးသာသာပဲရှိသော ဆံပင်ပုံစံအသစ်က ရှင်းသန့်၏ မေးစေ့လုံးလုံးလေးနှင့်မျက်နှာဝိုင်းဝိုင်းလေးကို ပို၍ပေါ်လွင်သွားစေသည်။ စိမ်းမြနေသော နားသယ်စပ်လေးက ဆယ့်ခြောက်နှစ်အရွယ်ကောင်လေး၏ နုနယ်မှုကို ပိုမိုထင်ရှားစွာ ပုံဖော်ပေးထား၏။

ထို့အပြင် ရှင်းသန့်ဘေးမှာ ကပ်၍ပါလာသူက မိန်းကလေးတစ်ဦး။ တိတိကျကျ ပြောရလျှင် ရှင်းသန့်၏လက်မောင်းတစ်ဖက်ကို ဆွဲချိတ်ထားသော မိန်းကလေးတစ်ဦး။ ထိုထက်ပို၍ တိတိကျကျ ပြောရလျှင် ရှင်းသန့်၏လက်မောင်းကိုချိတ်၍ ပါလာသူမှာ အထက်တန်းပထမနှစ်က ကျောင်းသူတွေအားလုံးထဲတွင် အလှဆုံးဟု သတ်မှတ်ခံထားရသည့် မြတ်မှူးခင်ဟုခေါ်သော မိန်းကလေးတစ်ဦးပါ။

မြတ်မှူးခင်က ရှင်းသန့်တို့ A ခန်းထဲကမဟုတ်ဘဲ Bခန်းမှ ကျောင်းသူတစ်ဦးဖြစ်ပြီး ကျော်ကြားသည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦး၏ သမီးဖြစ်သည်။ လှလည်းလှသလောက် မာနလည်းကြီးသည်ဟု ပြောသံကြားဖူးသော်လည်း သူတို့အုပ်စုနှင့် တစ်ခါမျှ အဆက်အဆံမရှိဖူးသဖြင့် မြတ်မှူးအကြောင်းကို သိပ်မသိကြ ။ တစ်တန်းလုံးက မိန်းကလေးများနှင့် မရင်းနှီးသူမရှိသော နီစွေးပင် မြတ်မှုးခင်နှင့် မခင်ပေ။ ထို့ကြောင့် ရှင်းသန့် မြတ်မှူးနှင့်အတူတွဲတက်လာသည်ကိုမြင်သည့်အခါ အားလုံးက တအံ့တဩ ဖြစ်ကုန်ကြသည်။

Forget-Me-Nots  { Completed }Where stories live. Discover now