Love me again☘︎
-Unicode-
ကျွန်တော်တို့ရှင်းမရတဲ့ ပြဿနာတွေ ဖြစ်ခဲ့တာကြတာမဟုတ်ဘဲ ဖြစ်တဲ့ပြဿနာကိုရှင်းဖို့ရာ အဖြေမရှာနိုင်ခဲ့ကြတာ။
ချိနဲ့စွာ နာကျင်ကျင်ပြုံးရင်း ကာတေးတစ်ခွက်မော့ချပစ်လိုက်သည်။ ဒီညတော့ ကျွန်တော်ရူးသွားအောင် မူးပါရစေ။
တစ်ခါတစ်လေသော်ငြား Idol ဆိုတဲ့ဂုဏ်ပုဒ်ထက် သာမာန်လူတစ်ယောက်သာဖြစ်ချင်မိသည်။ ဝါသနာနောက်အတူတူလိုက်ကြရင်း ဆုံတွေ့ ခဲ့ရတဲ့ကံကောင်းခြင်းမျက်ဝန်းဝိုင်းတွေကို ကျွန်တော်လေ သိပ်ရူးတာပဲ။ အောင်မြင်ခြင်းလှေကားတွေမြင့်လာလေ ကျွန်တော်တို့ကြားအတားအဆီးတွေ စိတ်ရှုပ်ဖို့သိပ်ကောင်းတာ။ လူတွေထဲကလူတွေမို့ လွတ်လပ်စွာ ချစ်ရသူနဲ့ချစ်ကြောင်းတွေ အီနေအောင်ပြောနေရင်း ရင်ခုန်စရာလေးတွေလုပ်နေချင်မိတဲ့ အရာကမှားလေသလား။ စောက်တလွှဲ dating news ဆိုတာကြီးကို ent ကမမြင်ချင်ယောင်ဆောင်နေခဲ့တာက စမှားတာလား။ dinner ကိစ္စ အငိုသန်လေးကို မပြောပဲထွက်မိတဲ့အရာကပဲ မှားများနေသလား။ အချိန်တွေအများကြီးထိတွေ့ခွင့်မရတာကပဲ ကျွန်တော်တို့ Relationship ကို ကတောက်ကဆ ဆန်စေခဲ့တာလား။
ဒါမှမဟုတ် မင်းကပဲကိုယ့်ကိုမချစ်တော့လား ကင်မ်ဂျောင်ဂု။
ကျွန်တော်တို့ စကားများခဲ့ကြတယ်။
ညှိယူဖို့ကြိုးစားခဲ့ပေမဲ့ Jungkookie ကတော့ရှောင်ပြေးသွားသည်။
Jungkookie ရှောင်ပြေးတော့ Kim Taehyung ရင်တွေကြေမွတာပေါ့။"Dating ထွက်နေတဲ့ဟာ ent ကမငြင်းလို့ မင်းစိတ်ဆိုးတာဆို ကိုယ်ငြင်းမယ်။ ကိုယ် ကိုယ်တိုင်ငြင်းပေးမှာမို့ မင်းက-"
"မဟုတ်ဘူး။ မဟုတ်ဘူးလို့ အဲ့ကိစ္စကခင်ဗျားမဟုတ်တာအရှင်းကြီး"
တုန်ယင်နေတဲ့ခန္ဓာကိုဆွဲလှုပ်ပြီး အော်ဟစ်လာတဲ့မျက်ရည်စတွေနဲ့ မျက်နှာရဲရဲကို လက်နှစ်ဖက်နဲ့ခပ်ဖွဖွအုပ်ကိုင်လိုက်ရင်း သူကိုယ်တိုင်လဲ မျက်ရည်တွေတာကျိုးကာလိမ့်ဆင်းနေတာ ထိန်းချုပ်လို့မရဘူး။
"ဒါဖြင့် ဘာလို့လဲ! ဘာလို့လဲကွာ! စောက်ရမ်းချစ်တာသိရက်နဲ့ လမ်းခွဲဖို့ဘာလို့ပြောထွက်နေတာလဲဟမ်! ကိုယ့်ကိုရူးသွားစေချင်တာလား။ မင်းကိုယ့်ကိုရူးစေချင်နေတာလား ကင်မ်ဂျောင်ဂု"
YOU ARE READING
Vkook Short Stories/Collection
Fiksi Penggemarမင်းနှုတ်ခမ်းအောက်ကမှဲ့နက်လေးက ကိုယ့်ကိုလှုံ့ဆော်နေတယ် Taekook