{Unicode}
"သက္ကရာဇ်ပိုင်..."
"ဗျာ"
ကျောင်း ကော်ရစ်တာမှာ ရပ်ကာ စကားပြောနေသည့် ကောင်လေးမှာ ထူး၍ ပြုံးကာ လှည့်ကြည့်လာ၏။
သက္ကရာဇ်ပိုင် ပြုံးလိုက်သည့် အခါတိုင်း နစ်ဝင်သွားတတ်သည့် ပါးချိုင့်ရေးရေးလေးတွေမှာလဲ၊
သက္ကရာဇ်ပိုင်၏ ထူးခြားသော ဆွဲဆောင်မှုပင်။"တို့ကို စောင့်ပါအုံး ရာဇ်"
ဆံပင်ရှည်ကြီးကို ဖြန့်ချထားကာ နှုတ်ခမ်းနီကို ရဲနေအောင် ဆိုးထားပြီး၊ ရင်ဖုံးအင်္ကျီ ခါးတိုအဝါေလးနှင့် ချိတ်ထမိန်အဝါေရာင်တို့ကို လှပသေသပ်စွာ ဝတ်ဆင်ထားသည့် ဝင့်ဝါထည်ဆိုသည့် မိန်းကလေး။
"ဘာပြောစရာရှိလို့လဲ ဝင့်ဝါ"
ထို မိန်းကလေးမှာ ရာဇ်နဲ့ နေခြည်ကြား နေရာကို ဖြတ်ဝင်ကာ နေခြည့်အား ဘေးသို့ တွန်းပို့လိုက်၏။
"အမလေး!"
နေခြည် ယိုင်လှဲကျတော့ မလိုတောင် ဖြစ်သွား၏။ ဒါကိုမြင်သွားသည့် သက္ကရာဇ်မှာ နေခြည့် လက်ကို ဆွဲကိုင်လိုက်၏။
"မင်း ဒါ ဘာလုပ်တာလဲ ဝင့်ဝါထည်"
"ရာဇ်နဲ့ သူနဲ့ အတူရှိနေတာ မကြိုက်လို့ တွန်းလိုက်တာလေ"
ဘယ်လို တွန်းလိုက်တာလေတဲ့လား၊ နေခြည်ခေတ်ဦးဆိုတဲ့ ငါ့ကိုလေ။
နေခြည် မဲ့ပြုံးပြုံးကာ သက္ကရာဇ်ပိုင်ဘက် လှည့်ကာ စကားပြောနေသည့် ဝင့်ဝါထည်အား
ဖြန်းးးး
အမှတ်မထင် ရိုက်ခံလိုက်သဖြင့် ဝင့်ဝါထည် တစ်ယောက် ခုခံဖို့ အချိန်ပင် မရလိုက်။
"နင်! ဒါ ...ဘာလုပ်တာလဲ နေခြည်ခေတ်ဦး"
ရိုက်ခံလိုက်ရသည့် ပါးကို လက်ကာ၍ မေးလာသည့် ဝင့်ဝါထည်။
"ငါ့ တွန်းလို့ ရိုက်လိုက်တာလေ.."
နေခြည်ခေတ်ဦးတဲ့ တစ်ဦးထဲ ရှိတယ် ...ကိုယ့် လာ အရင် ရန်စတာကို ငြိမ်ခံနေစရာ ဘာအကြောင်းမှ မရှိ။
"ဝိုး...ကြမ်းလှချည်လား"
ရာဇ်မှာ အံ့ဩသော မျက်လုံးတွေနှင့် နေခြည်အား လက်ခုပ်တီးကာ အားပေး၏။