{ Unicode}
"မေမေ..."
"အင်း"
"သားကို အခန်းထဲထိ လိုက်ပို့ပေးလို့ မရဘူးလားဟင်"
မိခင်ဖြစ်သူအား အားကိုးသော အကြည့်ေတွဖြင့် ကြည့်ကာ ညိုးငယ်စွာ ပြောလိုက်လေသည်။
အမြဲလို ကဂျီးကဂျောင်နဲ့ နေရာတကာ ကိုယ့်ကိုပဲ အားကိုးနေတတ်သည့် သားကို ဘယ်သောအခါမှ အားမရခဲ့။ ခုလဲ ကလေးတစ်ယောက်လို ဂျီးကျနေရာ စိတ်မရှည်စွာဖြင့်...
"အထက်တန်း ေကျာင်းသားတောင် ဖြစ်နေပြီပဲ ရှိန်းရယ်...ကိုယ့်အား ကိုယ်ကိုးတတ်ရမှာပေါ့...။ ပြီးတော့ ငါက အခု ရန်ကုန် အိမ် ပြန်ဆင်းရမှာ..."
"ရှိန်းကကောဟင်..."
မျှော်လင့်ချက် အရောင်ေလးတွေ ဝန်းလက်ေနသည့် မျက်လုံးများဖြင့် မော့ကြည့်ကာ မေးလိုက်လေ၏။
"နင်၉တန်းပြီးလို့ ၁၀တန်းေအာင်ခဲ့ရင် နင့်ကို ခေါ်ဖို့ နင့်အဖေကို ငါေြပာပေးမယ်။ ခုတော့ သည်းခံလိုက်အုံး သူ့က သူ့သားနေရာကို ဘယ်သူ့ကိုမှ အစားထိုးချင်တာ မဟုတ်ဘူးတဲ့လေ..."
"အဲ့လို မဟုတ်..."
"ကယ်ပါ... ငါကို ဒီထက် စကားတွေ ရှည်မနေခိုင်းနဲ့တော့ ေတာ်ကြာ ငါကား မမှီပဲ နေေတာ့မယ်။ အဆောင်မှာသာ သေချာနေေနာ်။ ငါ လတိုင်း ပိုက်ဆံပို့ပေးနေမှာ ပူမနေနဲ့.."
"ဦးလေးရေ...ဒီ အထုတ်တွေ တင်ပေးပါဦး..."
သူ ေြပာချင်ရာတွေ ဇွတ်ေြပာပြီးသည်နှင့် ကားဒါရိုက်ဘာ ဦးလေးကို အထုတ်တွေ မှခိုင်းနေသည့် အမေ။
ထို့နောက် ကားပေါ် ကျကျနနထိုင်ကာဖြင့် ထွက်သွားရာ ရှိန်း မအူမလည်လေးနှင့်သာ ကျန်ရစ်ခဲ့ချေသည်။
***သူက မယားငယ်မ သားလေ...။***
***မျိုးရုိးဗီဇ မကောင်းတဲ့ သူနဲ့ အပေါင်းအသင်း မလုပ်ရဘူးနော်။ ***
***သူ့ အဖေဆိုတဲ့ လူကလဲ အဲ့ကောင်လေးကို သူ့သားဆိုတာ မသေချာလို့ သူ့အမေကိုပဲ အိမ်ပေါ် ခေါ်တင်တာတဲ့လေ။ ***
***မယားငယ်မ သားဖြစ်ရင် တော်ရောပေါ့ ခြောက်က ခြောက်နေသေးတယ်တဲ့လေ...ဟူ၍ ပေါ်တင်သော်လည်းကောင်း၊ နောက်ကွယ်ကနေသော်လည်းကောင်း အရေမတွက်နိုင်ေလာက်အောင် နားရည်ဝသည်ထိ ကြားခဲ့ဖူးသည့် စကားလံုးတွေ။