{Unicode}
~တီးတောင်...တီးတောင်...တီးတောင်...~
"မေမေ့ရေ...!!"
"အိမ်ရှေ့မှာ ဧည့်သည်လာတယ်နဲ့ တူတယ် နေခြည် လူခေါ်ဘဲလ်သံ ကြားလိုက်တယ်။ သမီး ဒီမှာ အသားချက်ဖို့ ဆီသတ်နေတာ တူးသွားမှာ စိုးလို့...မေမေ တစ်ချက် သွားကြည့်ေပးပါအုံးနော်...!!"
အိမ်ရှေ့မှာ စက်ချုပ်နေသည့် အမေအား နေခြည် မီးဖိုထဲမှနေ၍ လှမ်းအော်ကာ ေြပာလိုက်၏။
"ဟုတ်လား...အေအေ မေမေ သွားကြည့်လိုက်မယ်...!!"
"ဟုတ် မေမေ"
ဒေါ်ရတီခေတ်မှာမူ ကိုယ်နှင်းနေသည့် အပ်ချုပ်စက် အသံနှင့်ပင် အပြင်ဘက်စီမှ အသံတွေအား ဘာတစ်ခုမှ ကောင်းကောင်း မကြားရချေ။
အသက်အရွယ်ကရလာတော့ ခန္တာကိုယ်က စကားေြပာပြီ ထင်ပါရဲ့....
တစ်ဦးထဲ ငြီးတွား ရီရွတ်ရင်းဖြင့်သာ ...
ချုပ်လက်စ အဝတ်ကို ချလိုက်လိုက်၏။
ထို့နောက် ဖရိုဖရဲဖြစ်နေသည့် ထမိန်အား ပြန်လည် ပြင်ဝတ်လိုက်လေ၏။
ထို့နောက် ခြံထဲသို့ အသွား...
~တီးတောင်...တီးတောင်...တီးတောင်...~
~တီးတောင်...တီးတောင်...တီးတောင်...~
ခြံဝန်းထဲ ရောက်မှသာ အဆက်မပြတ် တီးခတ်နေသည့် လူခေါ်ဘဲလ်သံကို ကောင်းကောင်းကြီး ကြားရချေတော့သည်။
"လာပြီဟေ့...!!"
ခြံရှေ့က လူကြားေအာင် ဒေါ်ရတီခေတ် လှမ်းအော်လိုက်ရင်း ခြံတံခါးနား အပြေးကေလး သွားလိုက်ေချသည်။
ထိုခါ ခြံရှေ့အရောက် တွေ့လိုက်ရသည့် သူေြကာင့် ဒေါ်ရတီခေတ် ဝမ်းသာအားရဖြင့် ခြံတံခါးကို အလျင်အမြန် ဆွဲဖွင့်လိုက်လေသည်။
"ဟယ်...ဘယ်လိုရောက်လာတာ သား။အလုပ်ကိစ္စနဲ့လား...ဒါမှမဟုတ် အလည်အပတ်ပဲလား..."
"အိမ်ထဲ အရင်ဝင်ပါစေ မေမေ..."
အာကာ အောက်မှာ ချထားသည့် သူ့ လက်ဆွဲ အိတ်ကို ဆွဲမ ပြကာ မောပန်းနေသည့် မျက်နှာေလးဖြင့် အရွန်းဖောက်ကာ ေြပာလိုက်လေသည်။