အပိုင်း (၂)- အရမ်းလှတာပဲ (Unicode)

23 2 0
                                    

Unicode

သေချာတာကတော​့ ဒါဟာမတော်တဆမှုမဟုတ်ဘူး။ ဟုန်နင်ကသူ့ကိုတစ်ယောက်ယောက်ကဝင်ကူညီတာကိုသိနေပြီးသားပင်။ သူမကိုကယ်တင်ခဲ့သောသူဟာ အရှိန်အဝါတခုခုရှိနေပြီး သူမနဲ့ရင်းနှီးကျွမ်းဝင်ဖူးသလိုဟုန်နင်ခံစားနေရသည်။

လူငယ်က လှပကျော့ရှင်းတဲ့ဝတ်ရုံရှည်ကိုဝတ်ဆင်ထား၏။

သူ့ပုံစံကငယ်ရွယ်သည့်ပုံပေါက်ပေမဲ့ အသက်အတိအကျကိုတော့ဟုန်နင်မခန့်မှန်းတတ်ပေ။ လူငယ်ရဲ့အကြည့်တွေက ရေလိုပကတိတည်ငြိမ်နေပြီး မျက်နှာအနေအထားကလည်းဖော်ပြလို့မရအောင်ချောမောသည်။ အပြုံးနုနုသည်လည်း တချက်ကြည့်မိရုံနဲ့တင် လူကိုစွဲမက်သွားစေ၏။

ထို့နောက် သူက ဟုန်နင်ကိုခေါင်းငုံ့ကြည့်ပြီးပြုံးပြလာသည်။

"ဟုန်နင်"

ဒီလောက်သဘောကောင်းနေတာတော့မဟုတ်သေးဘူးလေ။ ဟုန်နင်ဆီကနေ "အမ်" ဆိုတဲ့အသံတစ်သံထွက်လာပြီး သူမအတော်လေးအံ့သြသွားသည်။

"ရှင်ကျွန်မကိုသိတယ်လား?"

ဝတ်ရုံရှည်နဲ့ကိုလူချောကဘာမှမပြောဘဲပြုံးကာသာနေသည်။

ဖြစ်ချင်တော့ ဟုန်နင်က ဘာအဝတ်မှဝတ်မထားရသေးဘူး။ ဒါက သူမကိုသွေးတက်သွားစေသည်။ သူမက အရမ်းကြီးမဖွံ့ဖြိုးသေးပေမဲ့ အသက်ဆယ့်နှစ်နှစ်ဆိုတာ သူ့နေရာနဲ့သူတော့ရှိနေပြီလေ။ 

ဒါပေမဲ့ သူမအရင်ဆုံးစိတ်အေးအေးထားလိုက်သည်။

"ဟိုလေ, ကျွန်မကိုအောက်အရင်ချပေးလို့ရမလား?"

ကိုလူချောက သူမကိုချီထားသည်ကနေ အသာအယာအောက်ချပေးလိုက်၏။

ထိုအခါဟုန်နင်က အမြန်ပြေးသွားကာ အဝတ်တွေကိုဆွဲယူပြီးဝတ်ဆင်လိုက်သည်။ ပြီးမှကိုလူချောဘက်ကိုမျက်နှာနီနီကြီးနဲ့လှည့်ကြည့်မိ၏။ သူမဘယ်လောက်ပဲစိတ်အေးအေးထားပါတယ်ပြောပြော ရှက်တော့ရှက်တာပေါ့လို့!။

"ကျေး...ကျေးဇူးပါ။ ကျွန်မကိုကယ်ပေးလို့"

သူမက ခုလေးတင်မတော်တဆမှုကြုံထားရတာ။ ပြီးတော့ခုအသက်အရွယ်လေးနဲ့ ဒီလောက်ပြောတတ်ရင်တော်ပြီလို့ ဟုန်နင်တွေးထားသည်။ သာမန်လူဆိုရင်တော့ သူမရဲ့ကျေးဇူးတင်စကားကို မကျေမနပ်ဖြစ်မှာပဲ။ ဒါပေမဲ့လူချောကတော့ သူမကိုအပြစ်ယူမည့်ပုံမပြပေ။

When the flowers fall, I'll see you again ( MM translation)Where stories live. Discover now