JiJi လေးအိပ်ရာကနိုးလာတယ်။ ဒါပေမဲ့ စိတ်ကတော့ မကြည် ပါဘူး။မနေ့ကရန်ဖြစ်ပီးရုံးခန်းရောက်
တယ်။အပြစ်တော့ အပေးမခံလိုက်ရပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့မိဘ တွေက ကျောင်းမှာ ရန်ပုံငွေအများဆုံး ထည့်ထားသူတွေမလို့ပါ။ (ကျောင်းအုပ်ကြီးက သူ့ရန်ပုံငွေတွေနည်းသွားမှားဆိုးလို့ပါတဲ့။🤣)jijiကတော့ လုံးဝမကြည်ပါဘူး။သူအပြစ်ပေးမခံရလို့မဟုတ်ပါဘူး။taehyungအပြစ်ပေးမခ့ရလို့ပါ။jijiလဲ အိပ်ရာထဲမှာ၁နာရီလောက်ထိုင်စဉ်းစားပေမဲ့ဘာအကြံမှ မထွက်လာပါဘူး။JiJiလဲစိတ်ပျက်ပီး
ရေချိုးခန်းထဲဝင်သွားတယ်။
...................
ဒါကtaehyung တို့အိမ်ပါ။
taehyung-''ဝါး အိပ်လို့ကောင်းလိုက်တာ။ ကျောင်းကြီးကလဲသွားရအုံးမယ် ပျင်းစရာကြီး။ ခန ငါမေ့နေတာပဲ။ပျော် ရမှာကို။''
taehyung တစ်ခုခုကိုသတိရသွားတယ်။ သူ့အဖေကမနေ့က ကားအသစ်၁စီးဝယ်ပေးထားတယ် ဆိုတာပါပဲ။taehyungလဲမြန်မြန်ထပီး ရေချိုးခန်းထဲကိုဝင်သွားတယ်။
taehyung-'ဒီနေ့ကောင်းကောင်းလေးဝတ်သွားရမယ်။အဲ့ဒါမှကားလေးနဲ့မိုက်နေမှာ။'taehyungလဲအမိုက်စားပြင်ဆင်ပီးအောက်ထပ်ကိုဆင်းသွားတော့တယ်။
taehyung's dad-''အမယ်မင်းကဒီနေ့အရမ်းတေလန်းနေပါလား။ဘယ်သွားမလို့လဲ။''
taehyung-''ကျောင်းသွားမလို့အဖေ''
taehyung's dad''ကျောင်းလေးသွားတာကိုဒီလောက်ပြင်စရာလိုလို့လား။ဘာလဲကောင်မလေးနဲ့ချိန်းတွေ့မလို့လား''