JIJI နဲ့SOYEON လဲ ဆိုးလ်မြို့ တစ်ခုလုံး နေရာလွတ် မချန်ရှောက်သွားကြတာ ၃း၄၅ ဖြစ်သွားပါပီ။အဲ့ တော့ မှမေမေမှာထားတာတွေကို သတိရတယ်။နောက်ကျတော့ မှာဆိုတော့ JIJIလဲ သုတ်ခြေတင်ပီး ပြေးလာလိုက်တယ်။ဘယ်ဧည့်သည်ရောက်နေမှန်း မသိတာကြောင့်အိမ်ထဲမဝင်ခင် သူ့ အဝတ်စားတွေကို သေချာပြန်ပြင်လိုက်တယ်။
JIJI POV-'အဝတ်အစားကို သေချာ ပြန်လုပ်အုံးမှ ။တော် ကြာဧည့်သည်က အဆင်လေးဆိုရင် ငါအရှက်ကွဲနေအုံးမယ်။' JIJIလဲအိမ်တခါး ကိုဖွင့်လိုက်ကော TAEHYUNG ရယ်သူ့အဖေနဲ့ အမေ က မေမေတို့နဲ့ စကားပြောနေတယ်။TAEHYUNG ကတော့ စူပုတ်ပီးထိုင်နေတယ်။TAEHYUNG အမေကသူမကို တွေ့တွေ့ချင်းနှုတ်ဆက်လိုက်တယ်။ TAEHYUNG'S MOM နဲ့ JIJIတို့က တော်တော် လေးရင်းနှီးကြတယ်။TAEHYUNGနဲ့ကသာ မတည့်တာပါ။
JIJ POV' ဘာအဆင်မှလဲမဟုတ်ဘူး😣။ဟိုကောင်နဲ့ကိုတိုးတာပဲ။အဲ့ဒါမှန်းသိရင်မလာပါဘူး။''
TAEHYUNG'S MOM-''သမီး လာလေ ထိုင်။''TAEHYUNG အမေက သူမဘေးကနေရာကိုပုတ်ပြပီး ပြောတယ်။JIJI လဲသွားထိုင်လိုက်တာပေါ့။ အမေတို့တွေက သူတို့ချင်းစကားတွေများနေကြတော့ JIJIလဲထိုင်သာကြည့်နေလိုက်ရပါတယ်။ အဲ့အချိန်မှာဘဲ အနားကိုကပ်လားပီးတိုးတိုးလေးလာပြောတဲ့ ဟိုကောင်။
TAEHYUNG-''ဟက်ကြက်တူရွေးမက လှနေတာ သရဲတောင် အနားမကပ်ချင်အောင်ပဲနော်။''😏 အောင်မာ သူမများ လာပြောနိုင်သေးတယ်။ JIJIအကြောင်းကောင်းကောင်းသိအောင် ပြရသေးတာပေါ့။ အဲ့တာနဲ့ဘဲ သူ့ ခြေထောက်ကိုခပ်ပြင်းပြင်း လေး တက်နင်းပေးလိုက်တယ်။
TAEHYUNG-''အား နင်ငါ့ကို ဘာလို့တက်နင်းတာလဲဟ။''TAEHYUNGကအကျယ်ကြီးထအော် လိုက်တာကြောင့် အားလုံးက သူ့တို့ကို လှည့်ကြည့်ကြတယ်။
TAEHYUNG 'S DAD-''ဘာဖြစ်ကြတာလဲ။''
TAEHYUNG AND JIJI-''ဘာမှမဟုတ်ပါဘူး။သူ့ခြေထောက်ပေါ် ပန်းအိုးပြုတ်ကျလို့။''တစ်ယောက်ကိုတစ်ယောက်လက်ညှိုးထိုးပီးပြောလိုက်တယ်။
TAEHYUNG အဖေလဲသက်ပြင်းချကာ စကားစပြောတယ်။
TAEHYUNG'S DAD-''သားနဲ့သမီးစုံပီဆိုတော့ အဖေတို့ ဖြစ်စေချင်တာလေးကိုပြောပါမယ်။''