Part_2 ( Unicode )
အချိန်တွေ ရာသီ အလီ"ပြောင်းလဲလာရာ နောင်ရိုးငယ်လေးသည် ၁၅ နှစ်အရွယ်၌ ဘဝကံကြမ္မာ၏ လှိုင်းတံပိုးရိုက်ခတ်ခြင်းကိုခံရသည်။
" အဖွားရေ...သားပြန်လာပြီ " ဟူသောအသံနှင့်အတူ နောင်ရိုးငယ်မှာ သူ့အဖွားသိပ်ကြိုက်သော နန်းကြီးသုပ် ဗူးလေးကို လက်အနောက်၌ ဝှက်၍ အိမ်အရှေ့ ကွပ်ပျစ်ပေါ်၌ ထိုင်နေ၍ သူ့အဖွား၏ဆူငေါက်သည့်အသံမျှော်နေရှာသည်။
သို့သော် အဖွား၏ ဆူငေါက်မည့်အသံကိုမကြားရသည့်အပြင် အိမ်ထဲ၌ လှုပ်ရှားမှုမတွေ့ရသောအခါ အမြန်ပြေးတက်ကြည့်တော့သည်။
" အော်...အဖွားကအိပ်နေတာပဲ ။ တော်ပါသေးရဲ့ ငါဆက်အော်ခေါ်နေရင် အဖွားလန့်နိုးသွားလိမ့်မယ် "ဟု ပြောရင်း ပုဆိုးအဟောင်းလေးကိုပုခုံးပေါ်တင်ကာ အိမ်နောက်ဖေး ရေကပြင်၌ ရေချိုးရန် ထွက်လာသည်။
ရေချိုးပြီး အိမ်ပေါ်သို့ပြန်တက်လာသောအခါ၌လည်း အဖွားနိုးမလာသေးသောအခါ နောင်ရိုးငယ်၏ စိတ်ထဲ ဘဝင်မကျဖြစ်လာသည်။
" ဟင် အဖွားအခုထိ မနိုးသေးပါလား ဘယ်တုန်းကများ ညနေစောင်းကြီး အိပ်တတ်လို့လဲ"ဟုပြောရင်း အဖွားအိပ်နေရာသို့ လာကာ လှုပ်နှိုးလေတော့သည်။
သို့သော် အဖွားဖြစ်သူမှာ တုတ်"မျှမလှုပ်သည့်အပြင် ခြေလက်များပါ အေးစက်လို့နေလေသည်။ နောင်ရိုးငယ် စိတ်များကယောင်ခြောက်ချားဖြစ်ရင်း အိမ်ရှေ့ မျက်စောင်းထိုးအိမ်မှ ဒေါ်မာကြည်အား အကူအညီလှမ်းတောင်းသည်။"အန်တီကြည် သားကိုကူညီပါဉီး အဖွားသားကိုစိတ်ဆိုးနေတာထင်တယ် သားခေါ်နေတာမထူးဘူး သားကိုကူပြောပေးပါဉီး" ဟုငို၍ ပြောနေရှာသည်။
ဒေါ်မာကြည်လည်းသုတ်ချေတင်ပြေးလာပြီး အိမ်ပေါ်သို့ ရောက်ရာ သူမထင်သည့်အတိုင်း ဒေါ်စောမှာ ဆုံးသွားရှာလေပြီ။
" သား နောင်ရိုးလေး စိတ်ခိုင်"ထားနော် သားအဖွားမရှိတော့ဘူးသား သားအဖွားနေမကောင်းတာ ကြာနေပြီ သားမသိဘူးလား။ မနက်ကတောင် သားသွားပြီးမကြာသေးခင် သူချောင်းတွေ ဆိုးနေတာ အန်တီတောင် ကြားမိလိုက်သေးတယ်။"
YOU ARE READING
ဖြူစင်သော အချစ်
General FictionNyan ရဲ့ ပထမဦးဆုံး Fic လေးတစ်ပုဒ်ပါ အမှားတွေ အများကြီးပါနိုင်တာမို့ သည်းခံဖတ်ဖို့ ပြောချင်ပါတယ်