ဖြူစင်သော အချစ် Part_15 ( Uni/Zaw )

99 2 0
                                    

Part_15 ( Unicode )

နောင်ရိုးငယ် သူ့အား ဘုန်းမာရှိန်အိမ်အပေါ်ထပ် တက်ခိုင်းသည်မို့ ခပ်သွက်သွက် တက်လာသည်။ဘုန်းမာန်ရှိန် ၏ ထို ပုံစံအား သူ တစ်ခါမှ မမြင်ဖူးပါ။သူ ကြောက်လွန်းလို့ ဒူးတွေပါ တုန်လာသည်။ ကျေးင်းသွားဖို့ ပြင်ဆင်မယ့်အစား ကုတင် နဲ့ မှန်တံခုံ ကြားထဲက ချောင်ထဲတွင် ကြောင်အအလေးဖြင့် ဒူးကို လက်ပိုက်လျက် ထိုင်နေမိသည်။ထို့နောက် ခုနက ဒေါ်နှင်းမြသိင်္ဂီပြောခဲ့သည်များအား တွေးလျက် ငိုနေမိသည်။ထို့နောက် တံခါး ဆောင့်တွန်း၍ ဖွင့်လာသည်မို့ သူ ပို၍ လန့်သွားသည်။

"နောင်ရိုးငယ် ဘာလို့ ကိုယ်ခေါ်နေတာကို မထူးတာလဲ"အသံပြန်မလာသည်မို့

"ထဘာလို့ အဲ့လိုကြီး ခေါင်းငုံ့ထိုင်နေသလဲ ဘာလဲ ကျောင်းပြေးမို့လား ထ"ဘုန်းမာန်ရှိန် နောင်ရိုးငယ်အား ဆွဲထူလိုက်သည်။ထိုအခါမှသာ

"ကလေးလေး ငိုနေတာလား ဘာဖြစ်လို့လဲ ကိုယ့်ကိုပြောလေ" နောင်ရိုးငယ် ငိုနေသည်အားတွေ့၍ စိုးရိမ်တကြီးမေးနေသည်။ထို့နောက်

"ကျတော့်ကြောင့် အကို နဲ့ အန်တီ တို့ စကားများရပြီ"

"မင်းကြောင့် မဟုတ်ပါဘူးကွာ မငိုနဲ့တော့ တိတ်တော့နော် ငိုရင် နှာတွေစီးတွေ မျက်လုံးတွေ နာလာလိမ့်မယ် တိတ်တော့နော် ဒီနေ့တော့ ကျောင်းမသွားရင် မသွားနဲ့တော့ ကိုယ်ခွင့်တိုင်လိုက်မယ် လိမ္မာတယ် မငိုနဲ့တော့"ထိုအခါ နောင်ရိုးငယ် မျက်ရည်များကို သုတ်လိုက်ပြီး

"ကျတော့်ကို ကလေးလေးလို မဆက်ဆံပါနဲ့ တစ်ခါလာလည်း ကလေးလေး နှစ်ခါလာလည်း ကလေးလေး ကျတော့် အသက် ၁၇ ထဲဝင်ပြီဗျ"

"ခက်ပြီ ၁၈ တောင် ပြည့်သေးတာမဟုတ်ပဲနဲ့ မရပါဘူး ကလေးလေး ပဲ နောက်ဆို နောင်ရိုးငယ်လို့ မခေါ်တော့ဘူး ကလေးလေးပဲ"

"အကို မခေါ်နဲ့လို့ ...."

"ခေါ်မှာ..... ဒါနဲ့ ကိုယ်တစ်ခါတည်းကြို ပြောထားမယ် နောင်ဆို မငိုနဲ့ ကိုယ်မကြိုက်ဘူး မှတ်ထား တစ်ခု"ဆို ကိုယ့်ကို ပွင့်"လင်း"ပြော မင်းလိုချင်တာ မင်းဖြစ်ချင်တာ မှန်သမျှ အကုန်ဖြည့်ဆည်းပေးမယ် ဟုတ်ပြီလား"

ဖြူစင်သော အချစ်Where stories live. Discover now