အကြွေးရှင်

361 21 0
                                    

"ဆိုဟီးရေ ထပါတော့ မိုးတောင်လင်းလှပေါ့"

အခန်းတစ်ခုထဲမှ စောင်ထဲလုံးကွေးနေသော
ကောင်လေးတစ်ယောက်အား ဘေးမှ
နှောက်ယှက်နေသည့် ကောင်လေးတစ်ယောက်။

"ဟာဗျာ ဆွန်းဟန် Hyung ကျောင်းသွားဖို့လိုသေးတယ်လို့ ဆောင်းတွင်းမနက်အစောကြီးကို
ဘယ်သွားမှာလဲ"

စောင်ထဲက ကောင်‌လေးက စိတ်မရှည်တဲ့ လေသံဖြင့် အော်ပြောသော်လည်း ဘေးကကောင်လေးက စိတ်ဆိုးသွားပုံမရ။

"ဆောင်းတွင်းမလို့ပေါ့ ညီလေးဆိုဟီးရဲ့
စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့တဲ့
လမ်းသွားလျှောက်ရအောင် ထ "

"အဲဒီအရှေ့က စောစောအိပ်လို့ဆိုတာ ပါသေးတယ် ညတုန်းက Hyungအတင်းခေါ်နေလို့
ကျွန်တော်ညနက်မှ အိပ်ရတယ်လေ
ဂိမ်း‌ဆော့ထားလို့ မျက်လုံးတွေကြိမ်းနေပြီ
နောက်နေ့မှ သွားဗျာ"

စောင်ထဲမှ ကောင်လေးစကားကို အနွေးထည်အပြည့်အစုံ၀တ်ထားသော ကောင်လေးက
မကြားသလို။

"ဆိုဟီး ဆိုဆိုဟီး ထလို့ ထပါဆို စောစောထရင် စိတ်ကြည်တယ်တဲ့"

ဆိုဟီး ထနော် မထရင် ငါမင်းမုန့်တွေအကုန်လွှင့်ပစ်မှာ"

"လွှင့်ပစ်ဗျာ မထဘူး"

စောင်ထဲမှ ပိုးကောင်လေးဟာ ထလာမည့်ပုံမပေါ်။

"ရား ဟုန်းဆွန်းဟန် အေးတယ်လို့ ဘာလုပ်တာလဲ စောင်ပြန်ပေး"

စောင်ကိုဆွဲယူကာ ထွက်ပြေးလေတော့ အခန်းထဲမှ အစ်ကိုတွေဘာတွေ ဂရုမစိုက်နိုင်တော့ပဲ
အော်လေတော့သည်။

"ထတော့နော် ငါ့ညီလေးရာ လိမ္မာပါတယ်
Hyungအောက်က စောင့်နေမယ် မြန်မြန်ဆင်းလာခဲ့နော် နော်"

စောင်ကြီးကို လုံးထွေးပိုက်ကာ အောက်သို့ပြေးဆင်းသွားသော အကို၀မ်းကွဲကြောင့် အီဆိုဟီး၏
နံနက်ချိန်ခါသည် လွန်စွာသာယာခဲ့ပေ၏။

,................

"တကယ်ပါပဲ အိပ်ချင်နေတာကို ဘာလို့လာနိုးနေတာလဲ"

"ဆိုဆိုဟီးကလည်း အခုလမ်းလျှောက်ရတော့
စိတ်မကြည်လင်ဘူးလား ပြော"

Wonhan Love Stories Where stories live. Discover now