Last Christmas

176 15 0
                                    

"last Christmas I gave you my heart 🎶🎶
But the.

"ရား ဆွန်းဟန်ဟျောင်း ဘာလို့ပိတ်လိုက်တာလဲ"

အသံစူးစူးဖြင့် ထအော်သည့် အီဆိုဟီးကို
သူနဂါးမျက်စောင်းဖြင့် ကြည့်လိုက်သော်လည်း
အီဆိုဟီးမှာ မမှုပေ။

သို့သော် ဟုန်းဆွန်းဟန်၏ မျက်မှောင်တို့မှာ
အလွန်တရာကျုံ့တတ်လာကာ
ရုတ်ချည်း အသက်ရှူတွေမြန်ကာ ဒေါသထွက်
ပြီး အိမ်ပေါ်ထပ်သို့ ခြေဆောင့်တတ်သွား
လေရာ နားမလည်နိုင်သူအီဆိုဟီး နောက်တစ်ကြိမ်သီချင်းထပ်ဖွင့်ရန် လက်ရွယ်လိုက်စဉ်
အပေါ်မှ ကျယ်လောင်လှသော အော်သံကြီးအား
ကြားလိုက်ရလေ၏

"အီဆိုဟီး မင်းအဲဒီသီချင်းထပ်ဖွင့်မယ်ဆိုရင်
အခုချက်ချင်းအန်တီလေးအိမ်ပြန်!!!!!

ထိုအခါတွင်တော့ အီဆိုဟီးပါ ဒေါသထွက်လာ
လေသည်။ ဒီဟုန်းဆွန်းဟန် ငါ့ထက်အသက်
နည်းနည်းကြီးပြီး ငါ့ဦး‌လေးရဲ့သား
ဖြစ်ရုံလေးတင်ကို သူ့ကိုယ်သူ
ငါ့ထက်အသက်အများကြီး ကြီးသလိုလို
ဘာလိုလိုနဲ့ အရူးဟုန်းဆွန်းဟန်
အဲတာကြောင့် မင်းကို မင်းCrushက
ပြန်မကြိုက်တာ။
တစ်ရှူးရှူးဒေါသထွက်ကာ ပစ္စည်းများ
ပြန်ကောက်သိမ်းကာ ပွစိပွစိရွက်နေသော
အီဆိုဟီး၏ ဦးတည်ရာမှာ သူလက်ရှိနေနေတဲ့
အခန်းဆီသို့။

အီဆိုဟီး၏ ထိုကျိန်ဆဲသံကိုသာ ကြားလျှင်
ဟုန်းဆွန်းဟန်တို့ နပန်းထလုံးလောက်ပေမည်
အခုတော့ ဘာမှမကြားလိုက်ရသည့်
ဟုန်းဆွန်းဟန်တစ်ယောက် သူ့အခန်း၀ရန်တာမှလှမ်းမြင်နေရသော အရှေ့ခြံကအ‌ရောင်လွင့်လွင့်
မီးခိုးရောင်တံခါးများထံသို့သာ အာရုံ
ရှိပေသည်။

ထိုအခန်းမှာ နေထိုင်သူသည် သူ၏ အကောင်းစား Crush စုတ်/ Crush ပျက် Park Wonbin ဆိုသူပင်။ ရုပ်ကလေးချောသလောက်
အတော်မာနကြီးသူဟု ဆိုရမည်။
အရှေ့ခြံကို သူတို့မိသားစုပြောင်းလာနေသည့် သုံးနှစ်အတွင်း Park Wonbin ၏ မိဘများနှင့် ဆွေမျိုးရင်းချာသဖွယ်ခင်မင်နေသော်လည်း
ထို Park Wonbin မှာမူ သူ့အား
စကားဟုတ်တိပတ်တိပြန်မပြော။
ကျောင်းမှာ နှုတ်ဆက်လည်း သူ့ကို မသိချင်ယောင်ဆောင်သွားတတ်သည့် အရူးပင်။

You've reached the end of published parts.

⏰ Last updated: Dec 25, 2023 ⏰

Add this story to your Library to get notified about new parts!

Wonhan Love Stories Where stories live. Discover now