အကြွေးရှင်

159 20 0
                                    

"မဟုတ်ပါဘူး လာ သွားမယ် ဆိုဟီး"

ပေါ်တင်ငြင်းပြီး ဆိုဟီးကို ခေါ်ကာ
ထွက်ပြေးလာတော့ နောက်က အလိုက်မသိတဲ့
အွန်းဆော့ဟျောင်းက လှမ်းခေါ်နေလေ၏

"ဆွန်းဟန်နီး ဆွန်းဟန်နီး ဘာဖြစ်တာလဲ"

ဒုက္ခပေးဖို့ လာတာကသူ
သူ့ကို ဒုက္ခတွင်းထဲ ပို့လိုက်တာ အွန်းဆော့
ဟျောင်းဖြစ်နေတယ် လူတွေရယ်။

"ဆွန်းဟန်ဟျောင်း ဘာဖြစ်လို့လဲ"

အရေးထဲ အလိုက်မသိတဲ့ ဆိုဆိုဟီးက တစ်မျိုး။

"လာ နောက်မှ ရှင်းပြမယ်"

.....................

"ဘယ်လိုလုပ်ကြမလဲ!!!!!

"လန့်လိုက်တာ ဆိုဟီးရယ် ဖြေးဖြေး
အော်ပါကွ"

အကြောင်းစုံသိရသည်နှင့် အောင်မြင်လှသော
Vocalကြီးနဲ့ အော်လေသည့် အီဆိုဟီး။

"အခုချိန်မှာ စိတ်အေးအေးထားနေသေးတာလား
ဟျောင်း မတော်လို့ အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ"

"အူး ဝါး ဆိုဆိုဟီးလေးကလည်း
မင်းကိုကြီးပါကွ ဒီလောက်ကတော့
ငါ့ဦးနှောက်က အသာလေးထွက်တယ်
သူနဲ့ ငါနဲ့ တိုက်မိတာ ဘယ်သူမှ မသိဘူး
ငါတို့ဘဲ သိတာဘူးတစ်လုံးဆောင်
တစ်နှစ်လုံး မုန့်စားရတယ် ဟေ့ကောင်
သူမေးရင် ငါက မသိဘူးဖြေမှာ
မင်းလဲ မနက်က ငါတို့ လမ်းလျှောက်မထွက်
ခဲ့ဘူးလို့ သိထားလိုက်"

"ဖြစ်ပါ့မလား ဟျောင်း"

"ဖြစ်ပါတယ်ကွ ငါတို့က နှစ်ယောက်
Law of Jungle အရ ငါတို့က နိုင်မှာ"

"Law of Jungle က အားကြီးတဲ့သူ
နိုင်တာလေ"

"လျှာမရှည်နဲ့ အီဆိုဟီး လူများရင်လည်း
နိုင်တယ်"

ထိုသို့ငေါက်လိုက်ကာမှ အတွန့်ကော
အတတ်ကော အစုံတတ်သည့် အီဆိုဟီး
တစ်ယောက် ပါးစပ်ပိတ်သွားလေ၏

"ဆိုဟီး ကျောင်းဆင်းရင် ရေခဲမုန့်၀ယ်စားရအောင်"

"ဟင့်အင်း ဘာဂါစားချင်တာ"

"ညစာ မစားနိုင်ပဲ နေလိမ့်မယ်လေ"

"အဲတာဆို တော့ပိုကီ၀င်စားမယ်"

Wonhan Love Stories Where stories live. Discover now