ဘူဆန်မြို့တစ်နေရာ...
"ဂျောင်ဂု၊ သား ထတော့လေ
ဒီနေ့ စောစောသွားရမှာဆို""အစောကြီးရှိသေးတယ်လေဗျာ ဝှားးး"
"ဘယ်နှယ့်စောရမှာတုန်း
ရှစ်နာရီထိုးနေပြီ နှိုးစက်မပေးထားဘူးလား""ဟမ်...! ရှစ်နာရီ?"
(နေပါအုံး ငါညက ခြောက်နာရီalarmပေးထားတာပါ)
ပြာပြာသလဲထကာ ဖုန်းကိုကြည့်လိုက်တော့
(အားး သေပါရော...! Pmနဲ့ Amမှားထားမိတာပဲ..)
~~~~~~~~~~~~~
"မေမေ့! သား သွားပြီနော်...
အဖေ့ကိုလည်းပြောပေးအုံး"ဒီနေ့ ဂျောင်ဂုတို့
ရှေးဟောင်းသုတေသနတစ်ဌာနလုံး
ဘူဆန် မြောက်ပိုင်းတစ်နေရာသို့ လေ့လာရေးခရီးသွားရမည့်နေ့အချိန်လည်းအတော်လေးနောက်ကျနေပြီမို့
အထုတ်ကြီးငယ်နှင့်
လှေကားထစ်ဘယ်နှစ်ဆင့်မှန်းမသိ
ကျော်ခွဆင်းလာကာ
အမေဖြစ်သူကိုပါ
တိုက်မိလုနီးပါးတွေ ဖြစ်ကုန်၏။"သား နေအုံး မနက်စာစားသွားအုံးလေ...
ဟဲ့ အော် ဒီကောင်လေးနှယ့်
ပျာယာကိုခက်နေတော့တာပဲ""ဟိုရောက်မှ ဝယ်စားလိုက်တော့မယ်မေမေ
အချိန်မရတော့လို့""ရော့ ရော့ ပေါင်မုန့်ဖြစ်ဖြစ်ယူသွား
ခရီးကဝေးတယ်
တော်ကြာဗိုက်အောင့်နေမှဖြင့်
စားဖြစ်အောင်စားနော်...ဓာတ်မီးတို့၊ အရေးကြုံရင်လိုရမယ်ရ မီးမွှေးဖို့ မီးခြစ်တို့ရောပါပြီလား...
ပလာစတာတို့လိမ်းဆေးတို့ရော၊
ပြီးတော့အားဆေးလည်း ထည့်သွားအုံး""ဟုတ်ဟုတ်"
သူ့အိတ်တွေနှင့်
အခြားလိုလောက်မည့်အရာတွေကို
ပြန်စစ်နေရင်း တိုတိုတုတ်တုတ်ပြန်ဖြေကာ အလောတကြီး ပြေးထွက်သွားလေသည်။"ဟိုရောက်ရင်လည်းဖုန်းလှမ်းဆက်အုံး
ကြားလား သား!!"သို့သော် ပြန်ဖြေသံမကြားရတော့
(ဟော ဒီကလေး ခဏလေးရှိသေး
လမ်းထိပ်နားထိများ ရောက်သွားလေသလား)