ဘူဆန်မြောက်ပိုင်းလို့သာဆိုတယ်....
မြို့ပြင်လည်းဖြစ်ကာ
လူနေအိမ် ဟိုတစ်စု
ဒီတစ်စု လောက်သာရှိပြီးရှေးဟောင်းဘုန်းကြီးကျောင်းတွေသာ
၀န်းရံထားတာမို့
လျှပ်စစ်မီး,ရသော်လည်း
မြို့ပြလိုလင်းထိန်မနေကျောင်း၀န်းတစ်ခုနှင့်တစ်ခု
တော်တော်လေးလှမ်းကာ၊ကြားတွင် ဝါးတောဝါးရုံများနှင့်
အခြားသစ်ပင်တော်တော်
များများခြားထား၍
တိတ်ဆိတ်အေးချမ်းလှ၏။ထို့ပြင် မိုးဦးအစမို့ထင်...၊
ညနေစောင်းလောက်ဆိုရင်ကို
ပုဇဉ်းရင်ကွဲတို့ ဖားအော်သံတို့ကြားရလေပြီဂျောင်ဂုတစ်ယောက်လည်း
အမော,မဆို့ရုံတမယ်
ပြေးလာလိုက်တာ....
တည်းတဲ့အဆောင်နားရောက်ခါမှသာအသက်၀အောင်ရှူနိုင်တော့သည်။"ဟော....ဂျောင်ဂု
မှောင်တောင်နေပြီ
ခြေလက်သွားဆေးတာကြာလှချည်လား
ရေချိုးဆောင်မှာလဲမတွေ့ ....၊samတို့က မင်းတစ်ယောက်တည်း
ကွက်ပျောက်နေလို့ ခုပဲလိုက်ရှာနေတာ""ဟုတ် samဂျွန်း...
ကျွန်တော်လဲရှုခင်းလှလို့ လိုက်ကြည့်နေတာနဲ့
နည်းနည်းနောက်ကျသွားတယ်
samတို့ကို စိတ်ပူအောင်လုပ်မိပြီ""ဂရုစိုက် နေရာစိမ်းဒေသစိမ်းမို့
တစ်ယောက်တည်းလျှောက်မသွားနဲ့အုံး...sam ပြောချင်တာသိတယ်မလား"
"ဟုတ်ကဲ့...၊ဂရုစိုက်ပါ့မယ် sam"
"ခုလောလောဆယ်
ရေလေးဘာလေးသောက်လိုက်အုံး...
မင်းကြည့်ရတာ အမောတခေါနဲ့ ၊
samတော့ လေကောင်းလေသန့် ရှူလိုက်အုံးမယ်""ဟုတ် ဟုတ် samလည်း ဂရုစိုက်သွားပါ"
~~~~~~~~~~~~
"ဒါဆို မင်း သရဲခြောက်ခံခဲ့ရတာပေါ့ ဟုတ်လား?"
ညစာအတွက် တစ်မေဂျာလုံး
တက်ညီလက်ညီ ချက်ပြုတ်ပြင်ဆင်ပြီးမှ
ဝိုင်းဖွဲ့ စားသောက်ကြရာထယ်က ပလုတ်ပလောင်းစားလျက်
သူပြောသမျှကိုနားထောင်နေရင်းမှ
ပြန်မေးလာသည်..၊