အချစ်တစ်ခု
ဘယ်မှာအစပျိုးခဲ့သလဲမေး....
စမ်းချောင်းလေးဘေးမှာလို့ကိုယ်ဖြေမယ်
ဒါပေမယ့် နှလုံးသားတစ်ခုလုံး
ပြုတ်ထွက်မတက်
သက်၀င်လှုပ်ရှားခဲ့ရတာကတော့
ထူးထူးခြားခြား
ဂင်ဂိုရွက်၀ါတွေအောက်မှာ....အချစ်တစ်ခု
ဘယ်မှာအစပျိုးခဲ့သလဲမေး....
ဈေးလမ်းသွယ်လေးထဲမှာလို့ကိုယ်ဖြေမယ်
ဒါပေမယ့် နှလုံးသားတစ်ခုလုံး
တစ်စစီပဲ့ကြွေခဲ့ရတာကတော့
မထူးခြားနားစွာ
ဂင်ဂိုရွက်ဝါတွေအောက်မှာ....ကိုယ့်အတွက်သီးသန့်ဖြစ်တည်မှုလေးကိုမှ
နှစ်နှစ်ကာကာချစ်မိတဲ့အခါ
တွေ့ပြီးရင်းတွေ့ချင် ချစ်ပြီးရင်းချစ်ချင်နဲ့
ရင်ထဲတအုံ့နွေးနွေးရယ်.....ကိုယ့်အတွက်မဟုတ်တာကိုမှ
အမြတ်တနိုးချစ်မိတဲ့အခါကျ
ငေးကြည့်ရင်း ရင်တွေကွဲရင်း
အကြိမ်ကြိမ်အခါခါ ရူးသေရတယ်.....ဒါဆို မင်လေးကဘာလဲ...
မင်လေးကကိုယ့်အတွက်
အနှိုင်းမဲ့ ချစ်စရာမင်းသားလှလှလေး...။ဒီလိုဆို မင်ကရော...
မင်ဆိုတာ ကိုယ့်အတွက်တော့
နောက်ဆုံးထွက်သက်လှလှကလေး...။#နေ့ညအိပ်မက်ငယ်
~~~~~~~~~~~~
"တစ်ယောက်တည်းသွားမလို့လား"
မင်းသားဂျီသည်အလုံးစုံပြင်ဆင်ပြီး၍
အပြီးသတ်အနေနှင့် ခါးကြိုးချည်ပြီးတဲ့ခါ
ထွက်ရန်ပြင်ချိန်သည်
အန္တရာယ်များလှသော နေ၀င်ရီတရောအချိန်....ရန်သူလို့တော့ သတ်မှတ်လို့မရပေမယ့်
သိပ်အလိုမတည့်သောဆက်ဆံရေးတွင်
ညကြီးမင်းကြီးအချိန်တွေ့ရန်
အခေါ်တော်လွှတ်ကတည်းက
မြောက်နန်းစံမိဖုရားသည်နည်းနည်းမှကို
ရိုးသားနိုင်စရာအကြောင်းမရှိ....
မင်သည်လည်း တော်၀င်သွေးပီသပါပေသည်
နည်းနည်းမျှ မကြောက်ရွံ့မယ့်အပြင်
ကာကွယ်ရမည့်သူ့ကိုတောင် မလိုအပ်သလို
တစ်ယောက်တည်းသွားမည်တဲ့တံခါးချပ်အားကွယ်ရပ်ထားသူကို
မော့ကြည့်လိုက်ရင်း
မျက်တောင်တို့ပုတ်ခတ်လိုက်ကာ
မူပိုင်အပြုံးနှင့်ခေါင်းငြိမ့်ပြလိုက်သည်