1

66 4 0
                                    

ညှို့မှိုင်းနေတဲ့ကောင်းကင်ကြီးကိုအကြောင်းမဲ့ငေးမောနေတဲ့ကောင်လေးတစ်ယောက်။
မကြာခင်ရွာတော့မလိုမည်းမှောင်နေတဲ့မိုးသားတိမ်ရိပ်တွေကသူ့ရင်ထဲကအလွမ်းဓာတ်ခံတွေပိုတိုးလာအောင်စွမ်းဆောင်
နေသည့်အလား။
ငွေကြေးစည်းစိမ်ဥစ္စာ သူ့ဆီမှာအားလုံးပြည့်စုံနေပါလျက်ပျော်ရွှင်မှုတွေကဘာလိုများကြာကြာမခံရပါသလဲ။
ကောင်းကင်းကိုသာငေးမောနေရင်းနှုတ်မှမချိတင်ကဲဖွဖွရေရွတ်မိတဲ့စကားက...

"မင်းလုပ်ရက်တယ်ညှို့
မောင့်အပေါ်မင်းမို့လို့လုပ်ရက်တယ်"

ရင်ဘတ်ထဲကနှလုံးသားတစ်စစီကြေမွနေပါသော်လည်းငိုကြွေးဖို့ရာမစွမ်းသာလောက်အောင်ရင်မှာစို့နင့်နေမိသည်။
မကြာလိုက်ပါသူ့နားကိုလျှောက်လှမ်းလာတဲ့သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦး။
လက်ထဲမှာလည်းပုံးလေးတစ်ခုကိုင်လျက်

"သားခေတ်"

"ဟုတ် ပြောပါအန်တီမြ"

"အန်တီမြ သားပြောတဲ့အတိုင်းသားတို့အခန်းထဲကသားညှို့ပစ္စည်းတွေအကုန်သိမ်းပြီးသွားပြီဒီပုံးလေးကတော့သားလိုချင်မလားလို့လာပေးတာ
ယူထားမလားသွားသိမ်းလိုက်ရမလား"

ခေတ်သစ်မော်ကွန်း အန်တီမြပြတဲ့ပုံးလေးကိုလှမ်းကြည့်မိလိုက်သည်။
လွမ်းဆွေးရိပ်တို့ကမျက်ဝန်းမှာပေါ်လာပါသော်လည်းလျစ်လျူရှုလို့

"အကုန်သိမ်းလိုက်ပါအန်တီမြ
ကျွန်တော်သူနဲ့ပတ်သက်တာဘာတစ်ခုမှ
မမြင်ချင်ဘူး"

တကယ်တမ်းမမြင်ချင်တာထက်မြင်နေရရင်အလွမ်းဒဏ်တွေပိုတိုးလာမှာစိုးလို့သိမ်းခိုင်းလိုက်ခြင်းမျိုးဆိုတာတော့သူကိုယ်တိုင်တောင်သိလိမ့်မည်မဟုတ်။

သားခေတ်လေးရဲ့ခပ်ပြတ်ပြတ်ပြောလာတဲ့စကားကြားတော့အန်တီမြ မျက်နှာမကောင်းစွာသက်ပြင်းလေးအသာချမိတယ်။
ဒီအိမ်ကြီးမှာသူမအိမ်ထိန်းအဖြစ်လုပ်လာတာနှစ်တွေအတော်ကြာပြီသားခေတ်ရဲ့စိတ်ကဘယ်လိုသားညှို့ရဲ့စိတ်ကဘယ်လိုဆိုတာကိုသူမကောင်းကောင်းသိပါတယ်။သားခေတ်ခေါင်းမာတာလည်းသိသလိုသားညှို့ကလည်းမဟုတ်တာလုပ်မယ့်လူမျိုးမဟုတ်တာသိတယ်။ဒါပေမယ့်သားခေတ်ကပြတ်သားလွန်းလှသည်။
သူမ တွေးရင်းနဲ့ပုံးလေးကိုသူမအခန်းထဲသာယူသွားလိုက်တော့သည်။
အခုချိန်မလိုပေမယ့်တစ်ချိန်ချိန်မှာတော့သားခေတ် လိုရင်လိုမှာပေါ့

ညှို့Where stories live. Discover now