3

40 2 0
                                    

"ဘယ်လိုလုပ်ကြမလဲဆရာ ကားကစက်နှိုးလို့မရတော့ဘူး"

အရေးရယ်အကြောင်းရယ်ဆိုကားကပေကတ်ကတ်လုပ်ပြီ။
ဒီမနက်ညှို့ကိုရှာဖို့ခေတ်သစ်နဲ့ရံစိုင်းနှစ်ယောက်တည်းထွက်လာရင်းမြို့ထဲကနေကျော်ပြီးရွာတွေဘက်ရောက်လာသည်။
ရွာတွေထဲရှိလိုရှိငြားလိုက်ရှာရင်းတောင်ပေါ်ကစိုက်ခင်းတွေဘက်ရောက်တော့ကားကဘာဖြစ်တယ်မသိနှိုးမရတော့ပေ။
ဆရာတပည့်နှစ်ယောက်ဘယ်လိုလုပ်ရမလည်းမသိဖြစ်နေတုန်း။
အဝေးကလူနှစ်ယောက်လျှောက်လာတာတွေ့တော့အကူညီတောင်းရန်ပြင်လိုက်တော့သည်။

အနီးကိုရောက်လာချိန်မှာတော့ထိုလူနှစ်ယောက်ထဲကတစ်ယောက်ကြောင့်ခေတ်သစ်အံ့သြတကြီးဖြစ်သွားရသည်။

"ညှို့~~"

အကြာကြီးရှာနေတာတွေ့မယ့်တွေ့တော့လည်းကိုယ့်ရှေ့တည့်တည့်ရောက်လာပါလား
သူ့ကိုမြင်တော့ညှို့ကဘာမှမဖြစ်သလိုနှုတ်ဆိတ်နေသည်။
ညှို့ဘေးကလူက

"ဒီကငါ့ညီတို့ဘာများဖြစ်လို့လဲအကိုဘာကူညီရမလဲ"

ရံစိုင်းလည်းဘာပြောလို့ပြောရမလဲမသိပဲခနတော့ကြောင်သွားပြီးမှ

"အာ...ကျနော်တို့ကားကဘာဖြစ်တာလဲမသိဘူးစက်နှိုးမရတော့လို့"

"ဟုတ်လား စိတ်မရှိရင်အကိုကြည့်ပေးရမလား"

"ဟုတ်ကဲ့ ကျေးဇူးပါအကို"

တစ်ဖက်ကကောင်လေးကကြည့်ပေးဖို့ခွင့်ပြုတော့ခမ်းလည်းကားဘာများဖြစ်လဲလို့ကြည့်လိုက်တယ်။
ခမ်း ကားကြည့်ပေးနေတော့ရံစိုင်းကလည်းခမ်းနားကနေကြည့်နေတာမို့ခေတ်သစ်အခုထိတိတ်ဆိတ်နေတဲ့ညှို့ကိုစကားပြောရန်ပြင်လိုက်သည်။

"ညှို့~~
ကိုယ်အကြောင်းစုံသိပြီးပါပြီကိုယ်မှားတာပါကိုယ်တောင်းပန်ပါတယ်နော်"

"အွန်း ရပါတယ်"

ခပ်အေးအေးသာပြန်ဖြေတဲ့ညှို့ကသူ့ကိုစိတ်ထဲမထားဟန်။
သူ့ကိုစိတ်ဆိုးပြီးဒေါသထွက်နေရင်တောင်သူလက်ခံလို့ရဦးမယ်အခုလိုတိတ်ဆိတ်နေတာမျိုးကသူ့ကိုစိုးထိတ်စေသည်။

You've reached the end of published parts.

⏰ Last updated: Dec 01, 2023 ⏰

Add this story to your Library to get notified about new parts!

ညှို့Where stories live. Discover now