2

33 2 0
                                    

ညှို့ဒီရွာလေးကိုရောက်နေတာတော်တော်ကြာပြီ
အခုဆိုကိုယ့်အိမ်ကိုယ့်ရာလိုတောင်ဖြစ်နေပြီ။
မဲ့(အမေ)နဲ့အကိုနဲ့ကလည်းညှို့ကိုမိသားစုအရင်းလိုစောင့်ရှောက်ပေးကြပါသည်။
တောင်ပေါ်ဒေသကရွာလေးဆိုတော့အမြဲပူအိုက်မနေပဲရာသီဥတုကအေးမြမြလေးဖြစ်သည်။
မြို့တွေမှာလိုအရာအားလုံးမပြည့်စုံပေမယ့်သူဟာနှင့်သူတော့အေးအေးချမ်းချမ်းနေနိုင်လေသည်။
ဓနုစကားကတော့နားလည်အောင်အတော်ကြိုးစားရပေဦးမည်။
အကိုတို့ကစကားပြောရင်ဖြေးဖြေးနဲ့များသောအားဖြင့်ဗမာလိုသာပြောတာမို့နားလည်ပေမယ့်တခြားသူတွေလာပြောရင်အရမ်းမြန်လွန်းလို့နားမလည်ပေ။
အကိုပြန်ပြီးဘာသာပြန်ပေးမှသာနားလည်သည်။
ဒါပေမယ့်ဒီကလူတွေကတော်"လေးရိုးသားကြပြီးချစ်ဖို့လည်းကောင်းပါသည်။

___________________________

ခေတ်သစ်မော်ကွန်းဘက်မှာတော့

ညှို့ထွက်သွားပြီးနောက်အရင်လိုအလုပ်လည်းမလုပ်နိုင်
သွားလည်းဒီစိတ်စားလည်းဒီစိတ်နဲ့စားမဝင်အိပ်မပျော်ဖြစ်ရသည်။
လုပ်ချင်ကိုင်ချင်စိတ်ဆိုတာလည်းတစ်စိမှရှိမနေတာမို့လူဆိုတာကလည်းပစ်စလတ်ခတ်ပင်။
သူဘယ်လိုလုပ်များကောင်းကောင်းမွန်မွန်နေနိုင်ပါ့မလဲ။
အရာအားလုံးမှာကိုယ်ကသာမှားခဲ့သူဖြစ်တာမို့ညှို့ကထားသွားခဲ့တာ...

ချစ်ရသူလေးကတော့နေနိုင်လွန်းလှသည်။
ခေတ်သစ်ရဲ့တစ်နေ့တာလုံးကိုညှို့ကအမြဲစိုးမိုးထားပေမယ့်ခုချိန်ချစ်ရသူလေးစိတ်ထဲမှာကိုယ်ရှိသေးရဲ့လား...

အစလေးတောင်ဖော်မရနိုင်အောင်ပျောက်သွားတဲ့ညှို့ဟာကိုယ့်ထက်ပိုပြတ်သားလွန်းလှသည်။
ဖုန်းလာတိုင်းညှို့များကိုယ့်ကိုဆက်လေသလားလို့ပြေးကိုင်ရတာလဲအမောပါ။

"ဆရာအရမ်းလည်းစိတ်မညစ်ပါနဲ့ကျွန်တော်တို့လည်းအစ်ကိုလေးကိုတတ်နိုင်သလောက်ကြိုးစားရှာနေကြတာပဲအနှေးနဲ့အမြန်တော့ပြန်တွေ့မှာပါ"

"ဟားးးး...အေးပါကွာ
မင်းရှိနေလို့သာပေါ့ရံစိုင်းရယ်
မင်းကိုအထင်လွဲခဲ့မိလို့လည်းငါတောင်းပန်ပါတယ်"

ညှို့Where stories live. Discover now