1

312 45 13
                                    

[ မြင်မြင်ချင်း အချစ် ]

" ဟဲလို ချန်းယောလ်,  အွန်းဆောလ်က စာမေးပွဲသွား မဖြေဘူးလို့ပဲ ပြောနေလို့ ငါဘယ်လိုလုပ်ရမလဲ "

ချန်းယောလ်တစ်ယောက် အစည်းအဝေးခန်းထဲမယ် မရမ်မနားတုန်ခါနေသော ဖုန်းရဲ့တုန်ခါမှုကြောင့် နောက်ဆုံးမှာဖုန်းကို ကိုင်လိုက်ရပြီး ကြားလိုက်ရတဲ့ ကိစ္စကလည်း ညီမဖြစ်သူ​၏ ငဂျစ်ကျမှုသာ...

" ဘာဖြစ်ချင်နေပြန်ပြီတဲ့လဲ သူလုပ်ချင်တာကို မေးလိုက် , ခဏနေ ငါအိမ်ပြန်လာခဲ့မယ် "

ဒီလောက်ပဲစကားစ,ရပ်ရင်း အစည်းအဝေးဆီ အာရုံပြန်ထားလိုက်ရတော့တယ်~

မကြာဘူး ချန်းယောလ်အိမ်ကိုပြန်သွားခဲ့ပြီး အိမ်ရောက်တာနဲ့အကြောင်းစုံကို သိလိုက်ရတာမို့ ရှည်ရှည်ဝေးဝေးပြောမနေပဲ ညီမဖြစ်သူ အွန်းဆောလ်ရဲ့ အခန်းထဲသာသွားလိုက်တော့တယ်

အခန်းထဲဝင်လိုက်နာနဲ့ သူအရမ်းကြိုက်လှတဲ့ idol ပေါက်စလေးတွေရဲ့ သီချင်းသံကအရင်ကြားရတော့တာပဲ တစ်ခန်းလုံးလည်း ဟိုတစ်ခုဒီတစ်ခုနဲ့ ဘောင်သွင်းထားတဲ့ အထောင်ဓာတ်ပုံဘောင်လေးတွေကနေရာယူထားတော့တယ်~

" ဝင်လာတာတွေ့တာတောင် အကိုကို အရေးမလုပ်ဘူးပဲ , မုန့်ဖိုးဖြတ်ခံချင်ပြီနဲ့တူတယ် "

သီချင်းကို ချက်ချင်းရပ်လိုက်ပြီး ကုတင်ပေါ်မှောက်ခုံလှဲနေရာကနေ ငေါက်ခနဲထထိုင်ပြီး ချန်းယောလ်ကို စူပုပ်ပုပ်ကြည့်လာတော့တယ်~

" ဘာပြောမလို့လဲ ပြောစရာမရှိရင်သွားပါ အကိုလည်းမခေါ်ဘူး ဘယ်သူမှမခေါ်ဘူး "

" စိတ်မကောက်နေနဲ့တော့ ဒီတစ်ခါကရော ဘာဖြစ်ချင်တာလဲပြော တားမြစ်ထားတဲ့စည်းကမ်းတွေအတွင်းကဆို မလိုက်လျောစရာအကြောင်းမရှိတာသိတယ်မလား "

အနည်းငယ် ပျက်ယွင်းချင်နေတဲ့ရုပ်ကလေးအား ထိန်းထားရင်း အွန်းဆောလ်တစ်ယောက် အစချီတော့တယ်~

" ဟီး...ပွဲလေးတစ်ခုသွားချင်လို့ပါ "

" မရဘူး ပြောထားတယ်မလား အဲ့လိုတွေသွားခွင့်မပြုသေးဘူးလို့ "

𝗛𝗼𝗻𝗲𝘆 ᥫ᭡ Where stories live. Discover now