4

115 26 2
                                    

[ We can't be friends ]

နားနေခန်းကို အိုဆယ်ဟွန်းတို့ အတင်းခေါ်သွားတာနဲ့ ချန်းယောလ် ယက်ကန်ယက်ကန်နဲ့ ပါသွားတော့တာ!

" မင်း! သူ့ဘာသာနေပါစေ အားနာစရာတွေဖြစ်ကုန်တော့မယ် "

ချန်းယောလ်ဆီက အားနာစရာဆိုတဲ့ စကားကိုကြားလိုက်ရတော့ အိုဆယ်ဟွန်းတစ်ယောက် မျက်နှာတစ်ခုလုံးရဲတက်လာတဲ့အထိ ရယ်တော့တာ

" အမလေး ရယ်ရတယ်! ပေါင်းလာတဲ့တစ်လျှောက် မင်းလိုကောင်ဆီက အားနာတယ်ဆိုတာကို ပထမဆုံးကြားဖူးတာပဲ မယုံနိုင်ဘူး "

" အတည်ပြောနေတာ သူလည်း သူ့ဘာသာ အနုပညာရှင်မို့  လေးစားသင့်တယ် "

" အော် မလေးစားရအောင် ငါကအခုဘာလုပ်နေလို့တုန်း မင်းနဲ့မိတ်ဆက်ပေးမလို့ စောင့်နေတာလေ မင်းကို သူဝင်လာတာနဲ့ နမ်းပြစ်လို့လည်း မမြှောက်ပေးမိသလို အခုချက်ချင်းကြိုက်လိုက်လည်းမပြောဘူး စကားပြောကြည့်လို့ပဲပြောတာ~မင်းမနေနိုင်လို့ နမ်းမယ်ဆိုလည်း ကြည့်တော့လုပ်ပေါ့ ဟိုက ထရိုက်ရင်တော့ ငါလည်းမတတ်နိုင်ဘူးလေ "

" တော်စမ်းပါကွာ "

" အဲ့စကားပဲပြောနေတယ် စိတ်ထဲလည်းမပါပဲ အား! သေးပေါက်ချင်တယ် ခဏခဏ "

" ဟေ့ကောင် ငါ့မထားခဲ့နဲ့လေ "

" မင်း မူကြိုကလေးလည်းမဟုတ်ဘူး နေစမ်းပါကွာ ပြန်လာမယ် ခဏပဲ ထွက်တော့မှာပဲ ဒီသေး အရေးကြောင်းဆို ထွက်ချင်ရတာနဲ့!  "

ဆယ်ဟွန်းလည်း အခန်းထဲက မြန်မြန်ထွက်ခဲ့ပြီး အိမ်သာပြေးရတော့တယ်~တစ်ဆက်တည်းမှာပဲ ချန်းယောလ်ကလည်း အပြင်ထွက်တော့မလို့တံခါးကိုဖွင့်လိုက်ချိန် ဘတ်ဟျွန်းကလည်း အထဲဝင်ဖို့တံခါးကိုတွန်းလိုက်ချိန်မို့
မက်တပ်ရက်အနေအထားကိုမှ မျက်နှာချင်းဆိုင်နဲ့ နီးကပ်နေခဲ့တယ်~

နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက် ခဏကြည့်နေခဲ့မိပြီးနောက် ခြေတစ်လှမ်းဆီ နောက်ဆုတ်ဖို့သတိရသွားပုံ ချောင်းဟန့်သူကဟန့်နဲ့~

" ဟို " " ဟို "

ပြိုင်တူထွက်လာပြန်သော စကားအဆုံး ခိုးပြုံးမိသွားသူက ချန်းယောလ်

You've reached the end of published parts.

⏰ Last updated: Oct 19 ⏰

Add this story to your Library to get notified about new parts!

𝗛𝗼𝗻𝗲𝘆 ᥫ᭡ Where stories live. Discover now