2

194 30 8
                                    

- Love at first sight -

အွန်းဆောလ်တစ်ယောက်ရဲ့ အရမ်းကိုပျော်ရွှင်စရာကောင်းပြီး တက်ကြွလန်းဆန်းနေတဲ့မနက်ခင်းလေးပဲပေါ့ fangirl life အတွက်သူ့မှာ ပထမဦးဆုံးအကြိမ်အနေနဲ့ ဘတ်ဟျွန်းနီးနဲ့တွေ့ရတော့မှာမို့ သူအရမ်းကိုလည်း စိတ်လှုပ်ရှားပြီးတက်ကြွနေမိတာ~

မနေ့ညကအထိ သူ့အတွေးထဲ ဒွန်တွဲနေတဲ့ကိစ္စတစ်ခုကရှိနေသေးတယ်~ဘတ်ဟျွန်းနီးကိုတွေ့တာနဲ့ အားရပါးရ အဝကြူးဖို့ပြင်ထားပြီးသားမို့ ဘေးမှာအတူကပ်ပါလာမယ့် အကိုတော်ကိုတောင် သူမေ့သွားလောက်တယ်~ မေ့တာအရေးမကြီးဘူး အားရပါးရတွေ ကြူးနေအော်နေမှ သူ့ညီမ ဒီလောက်ထိအခြေအနေပါလားဆိုပြီး နောက်တစ်ခါ မပို့တော့မှာလည်းပူရသေးတယ်လေ~ဘာနေနေ တွေ့ရတုန်းတော့ Goal ပြည့်ဖို့ဆို လုပ်ချင်တာအကုန်လုပ်လာမှာပဲ~အကိုလည်း နောက်မှရှင်း!

" ဟဲလို ကိုကိုမလာသေးဘူးလားလို့ "

ချန်ယောလ်တစ်ယောက် ဖုန်းကိုင်လိုက်တာနဲ့ အထိန်းအကွပ်မဲ့နေတဲ့ ကျယ်လောင်သော အသံကိုဦးစွာကြားလိုက်ရတာမို့ ဖုန်းနဲ့ နားကိုတောင်အနည်းငယ်ခွာလိုက်မိရင်း မျက်မှောင်ပါတစ်ဆက်တည်း ကြုတ်မိတယ်~

" လာတော့မလို့ "

" ဟာ အခုမှလာမှာလား စောသွားရမယ်လို့ မြန်မြန် မြန်မြန် လာတော့နော် "

" အင်း "

ကုမ္ပဏီရဲ့ လုပ်လက်စတစ်ချို့ကိုလည်း ဒီတိုင်းပဲထားခဲ့လိုက်ရပြီ~

ပွဲရှေ့ရောက်ရုံနဲ့ ပြဿနာကစတော့တာပဲ~နေပူကျဲကျဲထဲ အရောင်စိုစိုတောက်တောက်လေးတွေနဲ့ မိန်းမငယ်လေးများစွာကို ချန်ယောလ်မြင်နေရပြန်တော့ အိမ်ကထွက်ကတည်းက အငြိမ်မနေနိုင်ပဲ ယွစိထိုးနေတဲ့ သူ့ညီမကိုပါ သူပြန်ကြည့်မိတယ်~ဘာထူးလဲ ဝတ်ထားတာကတော့ ဘတ်ဟျွန်းနီးပြောတဲ့ ဆင်တူအရောင်ဝတ်ရမှာဆိုလား ကိုယ်ပြောတော့ ကိုယ့်ကိုပါ " ကိုကိုလည်းဝတ်ရမှာလေ " ဆိုပြီးဝတ်ခိုင်းနေသေးတာ!

" ဓာတ်ပုံရိုက်ပေး ဓာတ်ပုံရိုက်ပေး ပြီးရင် ဟိုမှာတန်းစီနေကြပြီ ပြောသားပဲနောက်ကျနေပါပြီလို့ ဓာတ်ပုံရိုက်ပေးကြဦး ဓာတ်ပုံ ရော့ ညီမလေးဖုန်းနဲ့ရိုက်ပေး~နောက်က ဘတ်ဟျွန်းနီးပုံပါအောင်နော် "

𝗛𝗼𝗻𝗲𝘆 ᥫ᭡ Where stories live. Discover now