- 1

606 63 6
                                    

𝖴𝗇𝗂

" ဂရုစိုက်ပါလို့ပြောတာအခုဖြစ်ပြီမှတ်လား "

" မထင်မှတ်လို့ပါ ဟျောင်းရယ် "

ဆေးရုံးကုတင်ဘေးမှာပြီး အနာကိုကြည့်ပေးရင်း ဂျယ်ယွန်းအော်မိသည်။
အကသမားဖြစ်ပြီးအမြဲဂရုမစိုက်တဲ့ နီရှီမူရာကအခုတော့ အတန်တန်မှာတဲ့ကြားကနေ ခြေထောက်ခေါက်ကာ ဆေးရုံပေါ်ရောက်လာပြီ။

" အမြဲသတိနဲ့လုပ်ရမှာလေ မင်းလုပ်တဲ့အလုပ်က ကစားစရာလား ဟမ် "

" စိတ်ဓာတ်ကျနေပါတယ်ဆို ဆူပဲဆူနေတော့တာပဲ "

ဟိုဒီခေါင်းစွပ်ကိုစွပ်ချရင်း နီခီကဆိုလို့ ဂျယ်ယွန်းသက်ပြင်းအသာချရုံပဲတတ်နိုင်၏။
ဝါသနာကြီးလွန်းလို့ ဒီအရွယ်အထိ အကကိုစိတ်မကုန်ပဲ လုပ်လာရတာ ဘယ်လောက်ပင်ပန်းလဲ ဂျယ်ယွန်းကောင်းကောင်းသိသည်။

စိတ်ကိုအသာလျှော့လိုက်ပြီး စောင်တွေကိုစုပ်ကိုင်ထားတဲ့နီခီ့လက်တွေကို
လှမ်းယူကာ နှစ်သိမ့်ပေးမိသည်။
‌ခြေထောက်တစ်ဖက်မှာပတ်ထားတဲ့ပတ်တီးအဖြူတွေနဲ့ ယောင်ယမ်းနေတဲ့ လက်ကိုကြည့်ပြီး ချမိတဲ့သက်ပျင်းက ရေတွက်မရတော့။

" ဟျောင်းကမင်းကိုစိတ်ပူလို့ပြောတာသိတယ်မှတ်လား..
နီခီကိုယ်တိုင်က ကိုယ့်ကိုကိုယ်ဂရုမစိုက်ရင် နီခီ့ဝါသနာကိုဆက်လုပ်နိုင်မှာမဟုတ်တော့ဘူး..။

အခုပဲကြည့် ခြေထောင်ကအစစ်ရောင်သွားပြီ ဘယ်လိုဆက်ကမှာလဲ အနည်းဆုံးတစ်လက နားရတော့မှာ သိတယ်မှတ်လား "

" တောင်းပန်ပါတယ် နောက်ဆိုကျတော်ပိုပြီးဂရုစိုက်ပါ့မယ် "

ခေါင်းလေးငုံ့ကာရင်ခွင်ထဲဝင်လာတဲ့ကလေးငယ်ကြောင့် ဂျယ်ယွန်းပြုံးမိသည်။
အစကတည်းက နီခီကလိမ္မာပြီးသားမို့ နည်းနည်းလောက်ဖြောင့်ဖြလိုက်တညနဲ့အဆင်ပြေ၏။

" ဒါဆို ဟျောင်းပြန်တော့မယ်နော် မနက်ကျလာခဲ့မယ် "

" ဟုတ် "

အခန်းတံခါးကိုသေချာပိတ်ရင်း ဂျယ်ယွန်းထွက်လာခဲ့သည်။
Dancer တစ်ယောက်ရဲ့မန်နေဂျာမို့ နီခီကအခုလို ဆေးရုံတက်ရတော့ လူနာစောင့်ပေးရုံကလွဲရင် ဂျယ်ယွန်းမှာလုပ်စရာမရှိ။

𝗥𝗮𝗺𝘆𝗲𝗼𝗻𝘇 [ 𝗵𝗲𝗲𝗷𝗮𝗸𝗲 ]Where stories live. Discover now