𝖴𝗇𝗂
“ ဒီနေ့ကော်ဖီအတွက်ကျေးဇူးပဲ ကောင်းကောင်းသောက်ခဲ့ရတယ်
ဂျိတ်ခ် ကိုယ့်ကိုသွားခွင့်ပြုအုံးနော် ဒါဆို ”“ ဟုတ်ကဲ့ ”
ကော်ဖီဆိုင်ကနေလှည့်ထွက်သွားရဲ့ ကျောပြင်ကျယ်ကိုကြည့်ပြီး ဂျယ်ယွန်းပြုံးမိသည်။
တွဲထားတဲ့လက်ပိုင်ကလေးကလည်း ညီမလေးဖြစ်ကြောင်းသိပြီးနောက်မှာ စိတ်အစုံက ဖုံးမရဖိမရနဲ့ Layla ကိုတောင်မေ့သည်အထိ ပြုံးစိစိ။လွန်ခဲ့တဲ့တစ်နာရီ။
“ဒါကတော့သခင်နဲ့တူမှာပေါ့” ဆိုတဲ့စကားအဆုံးမှာ ဂျယ်ယွန်းနဲ့ဆရာဝန် အကြည့်ခဏတာဆုံသွားပေမယ့် ပါးကိုလာနမ်းတဲ့ Layla ကြောင့် နှစ်ယောက်လုံးအသိပြန်ဝင်လာခဲ့သည်။
“ ဟိုလေ ”
“...”
“ ကော်ဖီပဲဖြစ်ဖြစ်အတူလိုက်သောက်မလား ”
ခုံပေါ်ကထဟန်ပြင်နေတဲ့ဆရာဝန်ရဲ့လက်ကို ဆွဲလိုက်ရင်း ဂျယ်ယွန်းပါလိုက်ထကာဆိုမိသည်။
ထိုခါမှာ အံ့ဩသွားဟန်ရှိတဲ့ ဆရာဝန်က မျက်မှောင်အနည်းငယ်ကြုံ့ရင်း တစ်ချက်ရယ်၏။“ ကောင်းပြီလေ ”
လက်ခံလိုက်တာနဲ့တစ်ပြိုင်နက် ဂျယ်ယွန်းမျက်တွေလက်သွားပြီးထိုင်နေကျကော်ဖီဆိုင်ကို ခေါ်လာမိသည်။
တည်ငြိမ်လွန်းတဲ့ဆရာဝန်က အိုက်စ်အမေရိကာနို သာမှာပေမယ့် ကော်ဖီမကြိုက်တဲ့ဂျယ်ယွန်းကတော့ ကော်ဖီဆိုင်မှာ ဘာသောက်ရမလဲသိမနေ။“ Layla ရဲ့အဖေကရော ဘာမှမမှာတော့ဘူးလား ”
ကော်ဖီဆိုင်က ရှုခင်းလှတာရယ် လေကောင်းလေသန့်ရတာရယ်ကြောင့်မို့သာ သမီးလေးနဲ့အတူလာထိုင်လို့သဘောကျခဲ့တာ။
အမြဲလာတိုင်း သမီးလေးအတွက် ချောကလတ်ကိတ်မုန့်ကလွဲရင် မှာလေ့မရှိတာမို့ ဆရာဝန်ရဲ့စကားမှာ ချွေးစအနည်းငယ်စို့တုန်း။“ ချော ချောကလတ်ကိတ်ပဲပေးပါ ကျတော့်ကို ”
ကြံရာမရတဲ့အဆုံး ခုနကပဲဝက်အူချောင်းတွေစားထားတဲ့သမီးလေးကိုပဲ ချောကလတ်ကိတ်နဲ့မျှားခေါ်ရတော့မည်ထင်ပါရဲ့။
YOU ARE READING
𝗥𝗮𝗺𝘆𝗲𝗼𝗻𝘇 [ 𝗵𝗲𝗲𝗷𝗮𝗸𝗲 ]
Romance" နောက်ဆိုခေါက်ဆွဲတွေထက် ကျွန်တော့်ကိုပိုသဘောကျပေးပါ " -