𝖴𝗇𝗂
အဆုံးထိမှိတ်ချချင်နေတဲ့ မျက်ဝန်းတွေကို မနည်းတွန်းကန်ကာ လက်ထဲကိုစာအုပ်ကိုပြုတ်မကျအောင် ဖိကာကိုင်ထားမိသည်။
ဆေးအကျောင်းအရာတွေက ခက်ခဲလိုက်တာများ..ဆရာဝန်ကြောင့်သာမဟုတ်ရင် အချိန်ပေးပြီး လေ့လာမိမှာမဟုတ်ဘူး။ဂျယ်ယွန်းရဲ့အရှေ့မှာ ရှိနေတဲ့နှစ်ယောက်ကတော့ အေးအေးလူလူဆိုပေမယ့် နောက်ဆုံးမှာရှိနေတဲ့သူကတော့ ပြာယာကိုခတ်လို့။
ဒါနဲ့များ ဆရာဝန်ရဲ့လက်ထောက်လုပ်မယ်ဆိုပြီး ပြောခဲ့သေးတာ။မှတ်လာခဲ့တယ်စာတွေကို အစအဆုံးပြန်ကြည့်တော့ တစ်ညလုံးနီးနီးမအိပ်ထားတဲ့ခေါင်းကမူးဝေဆဲ။
စာလုံးတွေက အစနှစ်ထပ်တွေဖြစ်နေတာမို့ ကြည့်ရတာ ပိုလို့တောင်မရှင်းသေး။“ ရှင်မ်းဂျယ်ယွန်း ”
စာအုပ်ထဲဝင်မတတ်အာရုံစိုက်မိသွားတဲ့အချိန် ကြားလိုက်ရတဲ့နာမည်ခေါ်သံကြောင့် ခန္ဓာကိုယ်မှ မတ္ခနဲ။
ဂျယ်ယွန်းကိုယ်တိုင်တောင်မသိလိုက်ဘူး သူစာကြည့်တာအ့လောက်တောင်ကြာသွားတယ်ဆိုတာကို။
ခုနလေးတင်ရှိနေတဲ့ လူနှစ်ယောက်ကတောင်မရှိတော့ဘူးလေ။“ လာပြီ ”
သူနာပြုမလေးခေါ်လာရာ အခန်းရှေ့ရောက်တော့ အထဲမှာ ဆရာဝန်ရှိနေတယ်ဆိုတဲ့အသိနဲ့ရင် ဝဲရင်အုံက ဂဏာမငြိမ်။
ဝင်လို့ရပြီလို့ အချက်ပြတံ့သူနာပြုမလေးကို ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး အခန်းတံခါးကိုတွန်းဖွင့်လိုက်သည်။စာရွက်စာတမ်းတွေကြား ခေါင်းစိုက်ပြီး အာရုံစိုက်နေတဲ့ဆရာဝန်ကြောင့် ဂျယ်ယွန်းတစ်ချက်ပြုံးမိသွားသည်။
နှာတံပေါ်မှာနေရာယူထားတဲ့မျက်မှန်အကြည်လေးတဲ့အတူ အာရုံစိုက်မှုကြောင့် တွန့်ချိုးနေတဲ့ မျက်ခုံးနက်နက်တွေကအစ ဆွဲဆောင်မှုရှိနေလွန်းသည်။သပ်သပ်ရပ်ရပ်တင်ထားပုံရတဲ့ ဆံနွယ်နက်နက်တွေကလည်း တစ်ဖက်ကနေ ကြည့်ကောင်းလွန်းအောင် ကူညီနေသယောင်ပင်။
အခန်းဝမှာ ဂျယ်ယွန်းရပ်နေတာတောင် သတိမထားမိသည်အထိ ဆရာဝန်က အလုပ်ကိုကြိုးစားနေတာပဲ။
YOU ARE READING
𝗥𝗮𝗺𝘆𝗲𝗼𝗻𝘇 [ 𝗵𝗲𝗲𝗷𝗮𝗸𝗲 ]
Romance" နောက်ဆိုခေါက်ဆွဲတွေထက် ကျွန်တော့်ကိုပိုသဘောကျပေးပါ " -