1

119 11 3
                                    

( Unicode )

-

-

-

ဘူဆန်မြို့၏ နေရောင်ခြည်ဟာ
ဘူတာရုံလေးပေါ်မှာ တစ်အုပ်အုပ်
ဖြန့်ကျက်လျှက်ရှိနေတယ် ။ မွေးရပ်မြေ
မဟုတ်သော ဒီမြို့လေးက မြို့ကြီးပြကြီးထက်
ပိုပြီးအေးချမ်းတာဟာ အမှန်တရားတစ်ခုပဲ ။ သိပ်လှတဲ့နေကြာပန်းတွေက သူ့ကို ပြုံးပြနေသလို ခံစားရတယ် ။ ရင်ထဲ အတိုင်းမသိ
နွေးလျှက်ပါ ။ ထွေးလျှက်ပါ ။

ဟိုဟိုဒီဒီ ရွေ့လျားသွားလာနေသူတွေက
မနည်းနော ၊ အထုပ်အပိုးတစ်ချို့ကို
သယ်ယူပြီး  သူ မလိုက်တော့ ဇက်ကြောက
မျက်ခနဲ ။ မျက်နှာဖျက်လောက်အောင်
ဆောင်းထားတဲ့ ဦးထုပ်ကို မသိမသာလေး
ပင့်တင်လိုက်တယ် ။ နှဖူးမှာလည်း ချွေးစေးတွေနဲ့ပါလား ။ သူ ခရီးတွေလျှောက်သွားရတာ ပင်ပန်းနေပြီလေ ။

Ring - - - -

" ဟယ်လို ဖေဖေ "

" ဟုတ် သားအခုဘဲ ဘူဆန်ရောက်တာ
  နေကတော့ ပူတယ် ဒါပေမယ့် ပန်းတွေက
  သိပ်လှတာပဲ ဖေဖေရဲ့ ။ Vlogကတော့
  မနက်ဖြန်မှ ရိုက်ဖြစ်တော့မယ်
  သားဒီနေ့ ပင်ပန်းနေလို့ ဟိုတယ်ကိုပဲ
  တန်းသွားလိုက်တော့မယ်နော် "

" ဟုတ်ကဲ့ ဖေဖေ ဂရုစိုက်ပါ့မယ်
  ဒါဆို ဒါဘဲနော် ဆားရားငယ်းရိုး "

အဖေတစ်ခု ၊ သားတစ်ခု ဘဝမှာ သူ့အတွက်
ချစ်ရသည့် တစ်ဦးတည်းသော မိသားစုဝင်
ဖေဖေ က ယခုချိန်ထိ သူ့ကို ကလေးလေးလို့
မြင်နေတုန်းပဲထင်ပါသည် ။ သူ့အသက် က
၁၇ နှစ် ၊ သို့သော် သူသည် ကလေးမဟုတ် ။
လူရည်လည်သည် ၊ မြို့တစ်မြို့မှ တစ်မြို့သို့
အဖော်မပါဘဲ ကူးတတ်သည် ။ အသက်မပြည့် သေးဟူသော အကြောင်းပြချက်ကြီး
လက်ကိုင်ထားလျှက် စိတ်မချသည့်
ဖေဖေကြောင့်သာ သူ နိုင်ငံကူးဖို့ ဘယ်လိုမှ
ပြောမရနိုင်သေးခြင်းဖြစ်၏။

မိဘ၏ ပူပန်မှုကိုလည်း သူသည် ပျက်ရယ်ပြု
မည့် သားတစ်ယောက် မဟုတ်ပေ ။
မိဘကို ချစ်နိုင်သလောက် ချစ်ပေးမည့်
လိမ္မာသော သားသမီးတစ်ယောက်သာ ဖြစ်၏။
အဲ့လိုဘဲ ဖေဖေဟာလည်း သူ့ကိုသာ
ဂရုစိုက် ချစ်ပေးစေချင်ပါသည် ။ ကြွားတယ်
ထင်လည်း ပြောရဦးမည် ။ လောကမှာ
ဖေဖေ့၏ အချစ်ဆုံးက သူတစ်ယောက်တည်းပါလေ ။

မနီးနိုင်အောင်လှမ်း၍ . . . မဆုံနိုင်အောင် ဝေး. .Where stories live. Discover now