(Unicode)
-
-
-
မဟူရာ တောင်ရံတွေ ကာဆီးနေသည့်ကြားက
ကလကာချကြည့်တဲ့ ဇာတ်လမ်းတစ်ပုဒ်နောက်မှာ
ချစ်မိသူသာ ဗီလိန်ဖြစ်ခဲ့တယ် ။ အဖြူရောင်ဟာ
အနက်ရောင်အဖြစ် တဖြည်းဖြည်း အသွင်ပြောင်းလာပြီး
ခေါ်ဆောင်သွားသော ပုံရိပ်တွေမှာ ဝမ်းနည်းခဲ့ ။
ကောင်းကင်နှင့်မြေပြင်ကို ဆက်သည့်ကြိုးမှာ
ဆွေးမြည့်လွင့်မျောသွားလိုက်ပုံက စက္ကန့်တိုင်းလိုလို
သိမ်ငယ်လာစေပါတယ် ။မျက်ရည်က ဘယ်မြစ်ကိုဖြတ်သန်းစီးဆင်းပါသလဲ ။
ဘာကိုရင်းမှ မေတ္တ္တာစစ် ၊ မေတ္တာမှန်ကို
ကျွန်တော်တို့တတွေ ရနိုင်ကြမလဲ ။ ဘယ်လို
ပေးဆပ်မှုနဲ့ပုံဖော်လေမှ တစ်ဦးတစ်ယောက်ဆီက
သံယောဇဉ်ကွန်ရက်လေးကို ရမှာလဲ ။ ချစ်ခြင်းတရား
မွေးဖွားရာရပ်ဝန်းမှာ နင့်နင့်သည်းသည်းလွမ်းနိုင်ဖို့က
လှမ်းမမီတဲ့ပန်းကို နမ်းချင်သလိုမျိုး ၊ ကောင်းကင်
တမိုးအောက်ထဲမှာ တစ်လေထဲ ရှုနေကြတာချင်း
အတူတူမှာ နီးနီးလေးနဲ့ အဝေးဆုံးဖြစ်နေခဲ့တယ် ။တကယ်တမ်းတော့ ကျွန်တော်တို့ဟာ အနီးဆုံးမှာ
ရှိနေကြပြီး အဝေးဆုံး ဝေးလို့ဝေးမှန်းမသိအောင်
ဝေးကွာနေခဲ့ကြသူတွေပါ ။ အကွာအဝေးကို
မသိချင်ယောင်ဆောင်ထားနိုင်သမျှ ကျွန်တော်တို့ဟာ
နီးနိုင်သလောက် နီးအောင် ကြိုးစားပိုင်ခွင့်ရှိကြပါတယ် ။ ဒါဟာ ဆုံစည်းခြင်း စမ်းတဝါးဝါး အရပ်က မခို့တရို့လေး ပေါ်လွင်လာမယ့် တစ်ခုတည်းသော နေရောင်ခြည်ပဲ ။" ထယ်ယောင်း အနောက်မှာထိုင်လို့
ကျွန်တော်ပြောနေတယ်လေ "" ဘိုဂမ်းက ဒရိုင်ဘာမဟုတ်ဘူးလေကွာ
ရှေ့မှာထိုင်ပေးမှရမှာပေါ့ "" ဒါဆို ကျွန်တော်ရှေ့သွားထိုင်မယ် "
ဘူဆန်က ကားစထွက်ဖို့ပြင်တုန်းမှာပဲ
ပြဿနာသေးသေးလေးက အစပြုလာတယ် ။
ဘိုဂမ်းကို အလုပ်ခန့်ခဲ့မိခြင်းအပေါ် တစ်စုံတစ်ရာ
အပြစ်မဆိုခဲ့ပေမယ့် မျက်နှာကတော့ သိသိသာသာ
ပျက်ယွင်းနေတယ် ။ တစ်မနက်လုံးလည်း
စကားမပြော ၊ ဖယ်တိဖယ်ခွာ လုပ်နေတာက
ဘယ်အရာကို အလိုမကျဖြစ်နေမှန်း မသိလောက်အောင်
ထယ်ယောင်းကပဲ တုံးခဲ့သလား ။ သူဟာပဲ
ပိရိနေခဲ့သလား ။ နားမလည်သယောင်ဖြစ်နေတဲ့
ဘိုဂမ်းကို ထယ်ယောင်း ကိုယ်တိုင်လည်း
နားမလည်ဖြစ်နေတာမို့ ကူရှင်းပြခြင်းမပြုနိုင် ။
YOU ARE READING
မနီးနိုင်အောင်လှမ်း၍ . . . မဆုံနိုင်အောင် ဝေး. .
Romanceမနီးနိုင်အောင်လှမ်း၍ . . . မဆုံနိုင်အောင် ဝေး. . ( Uni ) မနီးနိုင်အောင်လှမ်း၍ . . . မဆုံနိုင်အောင် ဝေး. . . (Zawgyi)