3

77 12 1
                                    

( Unicode )

-

-

-

ထယ်ယောင်း သဘက်ခါ သွားမည့်
ခရီးစဉ်အတွက် အထုပ်အပိုးများ စုံလင်အောင်
ပြင်ဆင်နေသည် ။ ကြည့်ရှု့သူတွေကိုလည်း
အဲ့ဒီနာမည်ကြီး ဒေသစိုက်လက်ဖက်ခင်းကို
နောက်အပတ် အတူတူသွားကြစို့ဟု ကတိ
ပေးထားမိတာကြောင့် အမာခံ ပရိတ်သတ်တွေက မျှော်နေပေရော့မည် ။ တကယ်တော့ ထယ်
ယောင်းဟာ မော်ဒယ် တစ်ယောက်ဖြစ်နေ
တာကြောင့် လူသိပိုများလာရင်း ၊ ကိုယ့်အနု
ပညာရှင်ရဲ့ ဝါသနာကို ပရိတ်သတ်တွေက
ထောက်ပံ့ပေးသည့် သဘောမျိုးဖြစ်၏။

Blog ချည်းသက်သက်ကြောင့် ထယ်ယောင်း
ကို ကြိုက်ကြသည်မဟုတ် ။ ကိုင်းကျွန်းမီ ၊
ကျွန်းကိုင်းမီ ၊ မော်ဒယ် ပုံရိပ်ကို မှီရင်း Blog ကို ကြည့်ရှု့ပေးသူများလာသလို ၊ Blog
ကြည့်ရင်း မော်ဒယ်မှန်းသိသွားကြသည့်
နိုင်ငံရပ်ခြား ပရိတ်သတ်တွေလည်း ဒုနဲ့ဒေးပါ ။ ထယ်ယောင်းဟာ အဲ့လိုမျိုး ပရိတ်သတ်တွေ
သည်းသည်းလှုပ် ၊ တုန်နေအောင် ချစ်တာ
ခံနေရပါတယ် ။

ဒါပဲလားဆိုတော့ အဲ့ထက်ပိုတယ် ။ ကြော်ငြာ အတို အစတွေ လက်ခံရိုက်ကူးပေးတတ်တဲ့
ထယ်ယောင်းကို ပရိတ်သတ်တွေက
ရုပ်ရှင်လောကထဲ ဝင်စေချင်သလို ၊
ထိုလမ်းကြောင်းကို လျှောက်လှမ်းဖို့အတွက် Agencyတွေလည်း လာကမ်းလှမ်းကြသည် ။
ထယ်ယောင်းဟာ Freelance တစ်ယောက်မို့
မည်သူမျှ ချုပ်ကိုင်၍မရခြင်းမှာ သရုပ်ဆောင်
ရန် သဘောဆန္ဒ မရှိသေး ။ ထယ်ယောင်း
ကြိုးတော့ကြိုးစားကြည့်ချင်မိသည် ။

ဒီနှစ်ကုန်ရင်တော့ သူတို့ကမ်းလှမ်းချက်တွေထဲမှ တစ်ခုခုကို ဦးစားပေးရွေးချယ်သွားမည်ဟု
ဆုံးဖြတ်ထားလိုက်ရင်း ။ အသစ်အဆန်းကို
လေ့လာမှတ်သားရတာ ကြိုက်သူမို့
မဆိုစလောက်လေး ပင်ပန်းရပါဦးမယ် ။

ထယ်ယောင်း အထုပ်အပိုးများ နှင့်
လိုအပ်သည်များ ပြင်ဆင်ပြီးသွားချိန်တွင်
ဂျေခေ့ အခန်းရှေ့သို့ လာလိုက်သည် ။
မမှတ်မိချင်ယောင် ဆောင်နေသည်ဟု
ထယ်ယောင်းထင်သော ကောင်လေးအား
ထယ်ယောင်း သက်သေတွေနှင့်တကွ
ချောင်ပိတ်ရိုက်ဖို့ စိတ်ကူးမိ၏။ ဒါမှမဟုတ်
ထယ်ယောင်းဘက်ကသာ မှတ်မှတ်ရရ
ရှိနေခဲ့ပြီး အဲ့ကောင်လေးက တစ်ထောင့်
တစ်ည သံယောဇဉ်ကို အလေးမထားခဲ့လေသလား ။ ဒါကြောင့်ပဲ မေ့ပစ်ခဲ့လေသလား ။

မနီးနိုင်အောင်လှမ်း၍ . . . မဆုံနိုင်အောင် ဝေး. .Where stories live. Discover now