နေရာလပ်မရှိ ဖြာကျနေတဲ့ နေခြည်ဖျော့ဖျော့။
ညင်သာစွာ တိုက်ခတ်နေတဲ့ လေပြည်ညင်းတွေ။
ကောင်းကင်ပြင်ကြီးဟာ အပြာရောင်အတိလွှမ်းသည်။ တိမ်စိုင်ဖြူတွေကသာ အပြာရောင်ကို နောက်ခံထားပြီး ဟိုတစ်စ၊ ဒီတစ်စ။အင်္ဂလန်ရဲ့ အရှေ့တောင်ပိုင်းလေထုက နယူးယောက်နဲ့ ကွာခြားတယ်ထင်ပါသည်။ ထယ်ရယ်ကတော့ ဒီပတ်ဝန်းကျင်ကို ပို၍ပင် သဘောကျမိသယောင်။ အလည်အပတ်လာရလို့လား မသိပေမယ့် သူကတော့ ဒီနေရာက နှစ်သက်စရာ ပိုကောင်းနေသကဲ့သို့။
ကြားနေကျမဟုတ်တဲ့ ရှတတ British accent ကိုလည်း သူ သဘောကျသည်။ american တွေနဲ့ အတန်ငယ် ကွာခြားတဲ့ english စကားလုံးတွေကိုလည်း သဘောကျသည်။ အထူးသဖြင့်တော့ လန်ဒန်ကလူတွေကို သဘောအကျဆုံး။
ဒီကလူတွေက ထယ်ရယ် ငယ်ငယ်က နေခဲ့ဖူးတဲ့ ကိုရီးယားလူမျိုးတွေနဲ့လည်း တခြားစီ။ သူ၏ လက်ရှိနိုင်ငံက အမေရိကန်လူမျိုးတွေနဲ့လည်း မတူညီပြန်။ ဘယ်လို ကွာခြားနေမှန်းမသိပေမယ့် တစ်ခုခုက ကွဲပြားနေပြီး အဲ့ဒီကွဲပြားမှုက သဘောကျဖို့ကောင်းနေတာကတော့ ငြင်းမရတဲ့ အမှန်တရား။
တကယ်ပါ။ ထယ်ရယ် ညာတာမဟုတ်ဘူး။
သူကသာ လန်ဒန်ကို အလည်လာတာ မဟုတ်ရင်ဖြင့်၊
သူကသာ အမေရိကားကို ပြန်စရာ မလိုရင်ဖြင့်၊
သူကသာ ဧည့်သည်တစ်ဦး မဟုတ်နေရင်ဖြင့်၊
ဒီလန်ဒန်မှာပဲ အခြေချဖို့ တွေးမိလောက်မှာ အတည်။အခုတော့ဖြင့် ထယ်ရယ်ဟာ အချိန်တန်ရင် အိမ်ပြန်ရမယ့် ဧည့်သည်ပေမို့ ထိုသို့ လုပ်နိုင်စွမ်းမရှိခဲ့ပေ။
အလွန်ဆုံးမှ ခြောက်လပဲ နေခွင့်ရှိမယ့် နေရာပေမို့ နှမြောဖို့တော့ ကောင်းသား။ ဖြစ်နိုင်ရင် သူကတော့ ဒီနိုင်ငံမှာ ဒီထက်ပိုပြီး ကြာကြာနေချင်တာ အမှန်။ လန်ဒန်က နယူးယော့ခ်နဲ့ယှဥ်ရင် သူ့အတွက် ပိုပြီး အထူးအဆန်း ဖြစ်နေတာကြောင့် ဒီလို တွေးမိတာလား ဆိုတာကတော့ ထယ်ရယ်တောင်မှ မသိနိုင်ခဲ့။
ထယ်ရယ်က တစ်နေ့ကမှ လန်ဒန်ကို ရောက်တာမို့ ဘယ်ကိုမှ စုံစုံလင်လင် မလည်ပတ်ရသေး။ ခရီးစဥ်နဲ့လာတဲ့သူ မဟုတ်တဲ့အခါ ဂိုက်လည်း မရှိတော့ နည်းနည်း ကသီကလင် ဖြစ်ရတာမျိုး ရှိပေမယ့် ဒါက သိပ်ပြီး ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ရပါဘူး။ လေယူလေသိမ်းနဲ့ စကားလုံးအသုံးအနှုန်း နည်းနည်း ကွဲပြားတာကလွဲရင် ဘာသာစကားက လွယ်လွယ်ဆက်သွယ်နိုင်တာပဲ မဟုတ်လား။
![](https://img.wattpad.com/cover/352963757-288-k631486.jpg)
YOU ARE READING
Destiny in LONDON | SHENTAERAE (Hiatus)
RomanceOh gosh! I fell in love with a london boy! start date : 25.9.2023 end date : ongoing