အတန်ငယ် အုံ့မှိုင်း​နေတဲ့ တစ်ခု​သောတနင်္ဂ​နွေ။ ရာသီဥတုဟာ ဆိုးရွားသည် မဟုတ်​သော်ငြား သာယာလွန်းလှသည် ​တော့ မဟုတ်ခဲ့။ ​အောက်တိုဘာလရဲ့​လေထုဟာ မသိမသာ ​အေးစက်လျက်။ ရှပ်လက်ရှည်တစ်ထည်တည်းနဲ့ မလုံ​လောက်တဲ့အခါ အ​နွေးထည်ပါးပါးကိုပါ ဝတ်ဆင်ထားရတဲ့အထိ။

အရင်​နေ့​တွေနဲ့မတူဘဲ ဒီ​နေ့​တော့ ထူးထူးခြားခြား ထယ်ရယ် အ​စောကြီး နိုး​နေခဲ့မိသည်။ ​နေထွက်ချိန်မမီ​သော်ငြား သူ နိုးလာတဲ့အချိန်ဟာ ​ဝေလီ​ဝေလင်း ဖြစ်​နေဆဲ။ နယူးယော့ခ်မှာပင် တကူးတက ထမကြည့်ဖြစ်ခဲ့တဲ့ အရုဏ်တက်မြင်ကွင်းကို လန်ဒန်မှာ မြင်ခွင့်ရတာက​တော့ တစ်မျိုး​လေး ဆန်းပြား​နေ​လေတာ။

အ​နွေး​ပေးစက်အကူအညီကို ယူထားတဲ့ အခန်းငယ်​လေးထဲမှာ ​နွေး​ထွေး​နေတာမို့ ထယ်ရယ် အပြင်ထွက်ချင်စိတ် မဖြစ်ခဲ့။ ရိုက်ယူလာခဲ့တဲ့ဓာတ်ပုံ​တွေကိုပဲ ပြန်ကြည့်ရင်း ခုတင်​ပေါ်မှာ ​ကွေး​နေမိတာ အချိန်အကြာကြီး။

ဒါ​ပေမယ့် ထယ်ရယ် ဒီလိုပဲ​နေလို့ မဖြစ်​သေးပါဘူး။ ဒီ​နေ့မှာလည်း ရစ်ခီက သူ့ကို အ​စောကြီး ချိန်းထားပြန်ပြီ​လေ။ ထယ်ရယ်၏ရာဇဝင်မှာ ချိန်းဆိုမှုကို ​နောက်ကျရတယ် ဆိုတာမျိုးကို အဖြစ်ခံမှာ မဟုတ်။

မျက်နှာသစ်ပြီး အဝတ်အစားလဲပြီးတဲ့အထိ ထယ်ရယ့်မှာ အချိန်​တွေ အများကြီး ပိုလျှံ​နေဆဲ။ မနက်တိုင်း ​စော​စောထတတ်ပါ​သော ရစ်ခီက ဒီအချိန်ဆို နိုး​နေ​လောက်​ပေမယ့် ထယ်ရယ် ဖုန်း​တော့မဆက်ချင်ခဲ့​ပေ။ မ​တော်လို့များ ရစ်ခီ့အနားမှာ တစ်စုံတစ်​ယောက် ရှိ​နေမှဖြင့် သူက မ​ကောင်းတဲ့လူလို ဖြစ်သွားမှာ ထယ်ရယ် မလိုလား။

တိတ်ဆိတ်​နေတဲ့ အခန်းထဲမှာ ထယ်ရယ်က​တော့ ခရီးထွက်တိုင်း ယူလာဖြစ်ခဲ့တဲ့ကျမ်းစာအုပ်ကို ထုတ်သည်။ မနက်ခင်း ဝတ်ပြုဆု​တောင်းမှုအပြီးမှာ ကျမ်းစာဖတ်သည်။ ဒါဟာ ထယ်ရယ် အမြဲလိုလို လုပ်​နေကျအလေ့အကျင့်။

ဒီ​နေ့က တနင်္ဂ​နွေ​နေ့​ပေမို့ သာမန်ဆိုရင်​တော့ သူ ဘုရား​ကျောင်းတက်​နေလိမ့်မှာ။ ဒါ​ပေမယ့် နိုင်ငံရပ်ခြားမှာ ဖြစ်​နေတဲ့အခါ သူက​တော့ ကျမ်းစာဖတ်ပြီး ဆုတောင်းဝတ်ပြုရုံမျှ။

Destiny in LONDON | SHENTAERAE (Hiatus)Où les histoires vivent. Découvrez maintenant